Part-1

2.5K 99 0
                                    

        "ဒေါ်ချို ရေ ဒေါ်ချို လာပြီ မမလေး "
"ဒေါ်ချို ဟာလေ  ဘယ်နှစ်ခါပြောပြောမှတ်မထားဘူး "
"နှင်းဆီ အခုလိုဝတ်ပြီးသားအကျ်ီ ကို ၂ခါအပြင် ပိုမဝတ်ဘူးလို့ပြောထားတာ ဒေါ်ချို မမှတ်မိဘူးလား ဟမ် "
"ဒေါ်ချို တောင်းပန်ပါတယ်ကွယ်ဒေါ်ချို မီးဖိုချောင်ထဲအလုပ်ရှုပ်နေတာနဲ့ မမလေးဝတ်ဖို့ အဝတ်စားတွေကို မိငြိမ်း ကို ထုတ်ခိုင်းလိုက်မိတာ "
   "ကဲထားပါ အခုလိုကိစ္စမျိုးမှားတာ ဒီတစ်ခါ
နောက်ဆုံးဖြစ်ပါစေ "
             "ဟုတ်ကဲ့မမလေး "

  "နောက်တစ်ခါနှင်းဆီနဲ့ပတ်သတ်တဲ့ကိစ္စတွေကို ဒေါ်ချို ကိုယ်တိုင်ပဲလုပ်ပေးပါ "

    "ဟုတ်ကဲ့မမလေး "

    "ကဲသွားလို့ရပြီ "

"ဟုတ်ကဲ့ မမလေး"

      "နှင်းဆီဟာမိဘနှစ်ပါးလုံးမရှိတော့ "

     "တစ်ကိုယ်တည်းအပျိုကြီးဖြစ်ပြီး နှင်းဆီကိုလိုချင်သောပုရိသ များမှာအများအပြား"

        "မိုးမခနှင်းဆီဆိုတာ အဲ့လိုလူမျိုးပါ စီးပွါးရေးလောကမှာလည်း နာမည် တစ်လုံးနဲ့ ရပ်တည်နေသူ
ပီပီ အလုပ်လုပ်ရင်တိကျသေချာမှကြိုက်သည် "

      "(Moe Makha) Company ရဲ့ CEO ဖြစ်သည် "

  "Moe Makha  company ဟာ စီးပွါးရေးလောက
  မှာအလွန်ပင်အောင်မြင်မှုရရှိနေသော company ဖြစ်သည်။"

        "နှင်းဆီ company ထဲဝင်လာတာတွေ့တော့ ဝန်ထမ်းအားလုံးက မတ်တပ်ရပ်ကာ ကြိုဆိုနေကြသည် ။"
     "ရုံးခန်းထဲရောက်တော့ နှင်းဆီ ရဲ့ အတွင်းရေးမှူးမလေး မေဇူးမောင်က"
  
       "MD ကော်ဖီပါ "

       "အေးအေး ထားခဲ့ "

"မေဇူးပြန်ထွက်ဖို့အလုပ်"

       "ခနလေးနေဦး မေဇူး "

      "ဟုတ်ကဲ့ MD "

     "တို့ကိုတစ်ခုလောက်လုပ်ပေးစမ်းပါ့ "

        "ဟုတ်ကဲ့ MD မေဇူးဘာလုပ်ပေးရမှာလဲ "

        "တို့ ဝေရာဝစ္စ အကုန်လုပ်ပေးဖို့လူတစ်ယောက်လောက်ရှာပေးစမ်းပါ့ "
      "အရှုပ်အရှင်းကင်းရမယ် လူလွတ်ဖြစ်ရမယ် ပြီးတော့တို့အိမ်မှာလိုက်နေပေးနိုင်ရမယ် "

ရင်ခွင်နန်းသခင်Where stories live. Discover now