ပွဲလုပ်ဖို့ပြင်ဆင်နေတဲ့ Fashion show ကျင်းပရာအဆောက်အဦးကြီးထဲ ထယ်ဟျောင်းတယောက် အလုပ်တွေရှုပ်နေသည်..
" ဂင်မ်ထယ်ရေ အမကို ဒါလေးတချက်ကြည့်ပေးပါအုံး ဒါလေးကဒီလိုလေးဖြစ်နေတယ် ဘယ်လိုပြင်လိုက်ရင်အဆင်ပြေမလည်း"
" အဲ့တာက အမမင် ဒီနားလေးကို ဒီလိုလေးတွေ ထည့်ပြီးပြင်ပေးပါလား ပိုကြည့်ကောင်းသွားမယ်ထင်တယ် "
" အာဟုတ်သား ဂင်မ်ထယ်ရယ် ကျေးဇူးပါ အမပြင်လိုက်မယ် "
တယောက်ကိုအဝတ်အစားပြင်ဖို့ပြောလိုက်ပြီး အနားကိုနောက်တယောက်ရောက်လာပြန်ကာ
" အကိုဂင်မ်ထယ် ကျွန်တော်ကို လက်မှတ်လေးတချက်ထိုးပေးပါအုံး ပစ္စည်းက အကို့လက်မှတ်ပါမှတဲ့ "
" အဲ့တာများကွာ ဖုန်းဆက်လိုက်တာမဟုတ်ဘူး အကိုပြောလိုက်မှာပေါ့ပြန်လာနေရတယ် ပင်ပန်းသွားပြီကွာ"
"show ပွဲပြီးရင် ပွဲတပွဲလောက်စီစဥ်ပေးဖို့ CEO ကိုပြောပေးနော် အကို"
" ကောင်းပြီး အကို့ကို အကိုပြောပေးမယ်ကွာ "
ထိုကောင်လေးကိုနှုတ်ဆက်ကာ ပွဲလုပ်ပေးမယ်ပြောနေချိန် အနောက်နေရောက်လို့လာတဲ့ ယွန်းဂီ
" ဘာတွေပြောပေးမှာလည်းထယ် "
" ဟာ အကိုဘယ်တုန်းကရောက်လာတာလည်း "
" ခုဏပဲရောက်တာ ထယ် ဘာစားပြီးပြီလည်း နေ့လည်စာအပြင်မှာတခုခုသွားစားကြမလား "
" ဟုတ် အကို ကျွန်တော်ခုတောင်ဗိုက်ဆာနေပြီ ခုရောမုန့်ဝယ်မကျွေးချင်ဘူးလား တခုခုလောက်ဝယ်ပေးပါလားအကို "
" မနက်စာမစားလာဘူးလားထယ် "
" စားလာတယ် ဒါပေမယ့်ဗိုက်ကထက်ဆာနေလို့ "
" ကောင်းပြီကောင်းပြီ အကိုလှမ်းမှာလိုက်မယ်ခဏလေးတော့စောင့်နော် ထယ် "
မျက်နှာလေးမဲ့ကာ ဗိုက်ကလေးကိုပွတ်လို့ပြောနေတဲ့ ထယ်ဟျောင်းကိုပြုံးပြီးကြည့်ကာ ခေါင်းလေးကိုလက်ဖြင့်ဖွဖွလေးပွတ်လို့ ထွက်သွားတဲ့ ယွန်းဂီ..
ယွန်းဂီထွက်သွားပြီးမကြာပါဘူး အနောက်ကနေထပ်မှန်ရောက်ရှိလာတဲ့ ဂျောင်ဂု ထယ်ဟျောင်းရဲ့ခေါင်းလေးကို ယွန်းဂီပွတ်သလိုပွတ်လိုက်တော့ ထယ်ဟျောင်းဟာ သူခေါင်းကိုအခြားသူပွတ်တော့ လက်ကိုဖယ်ထုတ်ကာမျက်မှောင်ကြီးကျုတ်ကာလှည့်ကြည့်လာသည်..
YOU ARE READING
𝕄𝕣. 𝕄𝕣 (complete)
Fanfictionဤ Fic သည် အရမ်းရိုင်းစိုင်းသော အသုံးအနှုန်းတွေကိုသာသုံးထားသော Big Warning 🚨18+ Fic တပုဒ်ဖြစ်သည် ။