You Are The One Who I Love (story Intro)

15 3 0
                                    

??-" ငါမင်းကိုသဘောဘဲကျခဲ့တာ ဒီတိုင်းရိုးရိုးလေးဘဲ သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ပေါ့ ငါမင်းကိုမချစ်ခဲ့ပါဘူး..ငါတို့တွေကသူငယ်ချင်းတွေဘဲလေ ...မင်းလဲငါ့ကိုမြင်ပါမ​ျားပြီး ဒီတိုင်းချစ်ကြိုက်မိသွားတာလဲဖြစ်နိုင်တာဘဲလေ..."

(အံဩစွာကြည့်ပြီး မပြုံးတစ်ပြုံးပုံစံနှင့်ပြောနေလေသည်)

သျှိုဏ်း- "...."

??- " ငါအခုလိုပြောလိုက်ရလို့ ငါစိတ်မကောင်းပါဘူးကွာ...ဒါမဲ့လဲ ငါတို့ကယောက်​ျားလေးတွေလေ..ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..ဟုတ်တယ်မလား"

(သူသည်ညှင်သာစွာပြုံး၍ ပြောနေလေသည်။ သူကသာပြုံး၍ပြောနေသည် ကျွန်တော့်မှာတော့ မငိုရုံတစ်မယ်မျက်ရည်မ​ျားကို ထိန်းထားနေရသည်။)

??- " မင်းလဲဒီလိုခံစားချက်မျိုးနဲ့ ငါနဲ့ဘယ်လိုဆက်ပေါင်းမလဲ မင်းလဲအဆင်မပြေငါလဲအဆင်မပြေဖြစ်နေပြီလေ"

(တခုခုကိုပြောချင်သော်လည်း တိုက်ရိုက်ပြော၍မကောင်းသောပုံစံနှင့်ပြောနေလေသည်။ သူဘာပြောချင်လဲ ကျွန်တော်သိသည်။)

သျှိုဏ်း- "မင်းဘာပြောချင်လဲငါသိပါတယ်...ဒါမဲ့...ငါ့ကိုနောက်ဆုံးအနေနဲ့ တစ်ခုတော့ခွင့်ပြုပေးပါလား"

(သူသည် ကျွန်တော့်ကိုရုပ်တည်၍ကြည့်လိုက်သည်။ ထို့နောက် သူခေါင်းငြိမ့်လိုက်သည်။

ကျွန်တော်သည်သူ့အနားကိုကပ်၍ တင်းတင်းကြပ်ကြပ်ဖက်လိုက်သည်။)

သျှိုဏ်း- "..."

??- "..."

( အချိန်ခနကြာသော်)

??- " သျှိုဏ်း.... လုံလောက်ပြီထင်တယ်...မင်းလဲငါဘာပြောချင်လဲသိမှာပါ"

သျှိုဏ်း- " သိပါတယ်... ငါ့ကြောင့်အနှောက်အယှက်ဖြစ်သွားခဲ့ပြီထင်တယ် ငါတောင်းပန်ပါတယ်.."

(ကျွန်တော်လဲ ငိုပြုံးလေးပြုံး၍ နှုတ်ဆက်ကာ နောက်သို့လှည့်မကြည့်တော့ဘဲ နာကျင်ဝမ်းနည်းစွာ ​အိမ်သို့ပြန်လာခဲ့လိုက်သည်။
သူဘာလို့အဲ့လောက်သွေးအေးရသနည်း။ သူနဲ့ငါနဲ့ စသိထဲက သူလဲငါ့ကိုဂရုစိုက်သည် ငါလဲသူ့ကိုဂရုစိုက်သည်၊ ဒါတွေက ပုံမှန်ဘဲလား၊ ငါသူ့ကိုဖွင့်ပြောခဲ့တာ မှားခဲ့ပြီလား၊ ငါမပြောဘဲနေခဲ့ရင်တောင်သူနဲ့အတူတူအချိန်တခုထိပို၍ နီးနီးကပ်ကပ်နေရအုံးမည်၊ သူပြောသလိုဘဲ သူနဲ့အနေများလို့ သူ့ကိုချစ်ခဲ့မိခြင်းလား...အတွေးပေါင်းများစွာနှင့် လမ်းလျှောက်နေခဲ့သည်။....ထိုအချိန်တွင်အနောက်မှ ကျွန်တော့်နာမည်ကို
ပီပီသသနဲ့ ကျယ်ကျယ်လောင်လောင် အော်ခေါ်သံကိုကြားလိုက်ရသည်။)

??- "သျှိုဏ်း!!!....သျှိုဏ်းဝေယံ!!!!!!!"

(သူသည် ကျွန်တော့်ကိုနောက်ဆုတ်ခိုင်းသည့်သဘောဆောင်သည့် လက်ဟန်အနေထားလုပ်၍ ကျွန်တော့်နာမည်ကို အော်ခေါ်ကာ ပြေးလာနေသည်။ သူပြေးလာနေသည်ကို ကျွန်တော့်မျက်လုံးထဲတွင် အနှေးပုံစံနဲ့တောင်မြင်နေမိသည်။ သူဘာကြောင့်ပြေးလာကိုစဥ်းစားမိ၍ သူညွှန်ပြနေသည့် ဘက်သို့လှည့်ကြည့်လိုက်သည်။ ကုန်တင်ကားတစ်စီးသည် ကျွန်တော့်ထံသို့ အရှိန်ပြင်းစွာဖြင့်လာနေကိုတွေ့လိုက်ရသည်။ ထိုအရှိန်သည် ကျွန်တော်ပြေးလို့လဲမလွှတ်နိုင်ပေ... ထို့ကြောင့် သူ့ဘက်ကိုလှည့်၍ကြည့်ကာ သူ့ကိုစိတ်ထဲကလှမ်းနှုတ်ဆက်လိုက်သည်။ )

??- "သျှိုဏ်း!!..ငါ..ငါ.........."

(ပြေးလာနေ၍လှမ်းအော်ပြောနေသည် သို့သော် ကျွန်တော်နားထောင်၍မဆုံးသေး ကျွန်တော့်မြင်ကွင်းသည် အနက်ရောင်အဖြစ်သို့ပြောင်းလဲသွားတော့သည်။)

.....................

သူစိမ်းတစ်ယောက်- " ဟ...ဒီခလေးသေချင်နေတာလားဟ....ဟဲ့စောက်ခလေး နင့်ကိုကားတိုက်သွားရင်ဘယ်လိုလုပ်မလဲ တော်သေးတာပေါ့ ငါမြင်လိုက်လို့"

သျှိုဏ်း- " ဟမ်...ကျွန်...ကျွန်တော်......"

(ကျွန်တော့်ကို ဆူပူနေသော အဒေါ်ကြီးကိုကျွန်တော်မော့ကြည့်ပြီးအံ့ဩသွားသည်...ကျွန်တော့်ရဲ့အရပ်နဲ့ဆိုရင် သူ့ကိုမော့ကြည့်စရာမလိုအောင်ရှည်သည်။ ကျွန်တော်ဘေးပတ်ဝန်းကျင်ကိုအံ့ဩစွာကြည့်လိုက်သည်။)

လမ်းပေါ်ကလူ- " ခလေး အခုကျောင်းသွားတော့မလို့မလား... ကျောင်းဖွင့်တဲ့ပထမဆုံးရက်မှာ အခုလိုအော်ပြောနေရင် ခလေးကဘယ်လိုလုပ် စာကိုအာရုံစိုက်လို့ရတော့မှာလဲ အဒေါ်ကြီးရဲ့ စိတ်ပူတာကလဲပူတာပေါ့ လာလာ ခလေး ဦးလေးကျောင်းလိုက်ပို့ပေးမယ်"

(ကျွန်တော်လဲ အလွန်နားမလည်စွာနဲ့ ထိုသူညွှန်ပြသော ကျောင်းကိုလိုက်သွားတော့သည်..
ကျောင်းဝင်ပေါက်တွင်ရေးထားသည်မှာ- အမှတ် (၂) အခြေခံပညာ အလယ်တန်းကျောင်း - )

သျှိုဏ်း- " ဟမ်!?..... ငါနောင်ဘဝရောက်နေတာလား?"

You Are The One Who I love (completed)Where stories live. Discover now