29

3.2K 235 70
                                    

" အမေ သားဂျောင်ဂုနဲ့ကွာရှင်းပါရစေ "

ထယ်အမေ " ဘယ်လို ဂင်မ်ထယ်ဟျောင်း!!!"

" ထယ် ငါရှင်းပါရစေအုံးကွာ ငါမဟုတ်ပါဘူးလို့ ငါလုံးဝမဟုတ်ဘူး အဲ့ကိုယ်ဝန်ကငါကြောင့်မဟုတ်ဘူးလို့ "

ဂျောင်ဂု ထယ်ဟျောင်းအနားသို့တိုးသွားကာ လက်ကလေးကိုကိုင်ဖို့လုပ်လိုက်ချိန်မှာ ရှောင်လိုက်တဲ့ ထယ်ဟျောင်း..

" ငါ့အသားလာမထိနဲ့ မင်းကိုရွံလို့ ..မင်းက မင်းကဖောက် ဖောက်ပြန်တဲ့ ယောကျားတယောက်ပဲ "

ထယ်အမေ " သားဘာပြောတယ် အမေနားလည်အောင်ရှင်းပြကြစမ်း "

" အမေ ဟင့် ကိုယ် ကိုယ်ဝန်ရှိနေပြီတဲ့ ဟင့်ဟင့်"

" ထယ်ငါပြောနေတယ်လေကွာမဟုတ်ပါဘူးလို့ "

ထယ်အမေ " ခဏလေးနေကြအုံး!!! ဘယ်သူစီမှာလည်း အမေနားလည်အောင်ရှင်းပြစမ်း ထယ်ဟျောင်း"

" သူ့သူငယ်ချင်းယူရီစီမှာ သူနဲ့ရတဲ့ကိုယ်ဝန်တဲ့ ဟင့် "

ထယ်အမေ " ဘာ!"

" အမေ မဟုတ်ဘူး သားမဟုတ်ဘူး "

ထယ်အမေ " နှစ်ယောက်စလုံး အောက်ကိုဆင်းခဲ့ အကြောင်းဆုံးလာရှင်းပြစမ်း ဂျောင်ဂုမိဘတွေစီလည်းဖုန်းဆက်ရမယ် "

သူတို့နှစ်ယောက်အကြောင်းအစအဆုံး ကြားထဲမှာခဏရန်ဖြစ်ပြီးကွာရှင်းခဲ့ကြသေးတာကအစအကုန်မိဘတွေလည်းသိသွားကြတော့သည်..

ထယ်ဟျောင်းတို့အိမ်ရဲ့ဧည့်ခန်းထဲ မျက်နှာခြင်းဆိုင်အနေအထားမှာထယ်ဟျောင်းကလည်းငိုလို့နေသလို ဂျောင်ဂုကလည်းသူမဟုတ်ကြောင်းပြောကာတောင်းပန်နေသည်.

ထယ်အမေ " ဒါကလုံးဝပြင်လို့မရတော့တဲ့ကိစ္စဖြစ်နေပြီ တဖက်ကလည်း မိန်းကလေးတယောက်ဆိုတော့ ငါတို့ဘက်ကပဲ နောက်ဆုတ်လိုက်ဖို့ဆုံးဖြတ်လိုက်ပြီ "

ဂျောင် အမေ "အမကိုကျွန်မဘယ်လိုမျက်နှာပြရမလည်းတောင်မသိတော့ပါဘူး အမရယ် "

ထယ်အဖေ " တောက်!!! "

ဂျောင်အဖေ " ငါ့သားကြောင့် အရှက်ရစရာတွေဖြစ်ရတာ ငါတို့ဘက်ကအားလုံးတာဝန်ယူဖြေရှင်းပေးပါ့မယ် မင်းနားလည်ပေးနိုင်မလား "

𝕄𝕣. 𝕄𝕣 (complete) Where stories live. Discover now