You Are The One Who I Love (ep-3)

3 3 0
                                    

(အိမ်ပြန်ရောက်၍ ရေချိုးပြီး အိမ်ခန်းထဲဝင်ကာအိပ်ယာပေါ်တွင်လှဲ၍ အတွေးများနယ်ချဲ့နေတော့တယ် ထိုစဥ်အိပ်ပျော်သွားတော့သည်။)

~~(??- မထင်မှတ်ထားတဲ့ ပြောင်းလဲသွားမှုမဟုတ်ဘူး....မထင်ထားတဲ့ကူးပြောင်းမှုဘဲ....မင်းမှာတစ်ခုခုဆုံးရှုံးထားတယ်...ထပ်ပြီးလဲဆုံးရှုံးရအုံးမှာဘဲ!!!.....)

သျှိုဏ်း- " !!!!!....ဘာအိမ်မက်ကြီးလဲ"

(ကျွန်တော်သည် အိပ်နေရာမှလန့်နိုးလာပြီး တစ်ကိုယ်လုံးချွေးများစိုရွှဲနေကာ ဘေးဘက်သို့လှည့်ကြည့်လိုက်သည်။ အချိန်သည် ည10နာရီလောက်ရှိပြီ။ ကျွန်တော်လဲ အိပ်ယာမှထပြီး ထမင်းစားခန်းသို့သွားထိုင်နေလိုက်သည်။
ထိုစဥ် အမေပြန်ရောက်လာသည်။)

သျှိုဏ်း အမေ- " သားလေး ဗိုက်ဆာလို့လား sorry ပါသားရယ် အမေ OTဆင်းနေလို့နဲနဲနောက်ကျသွားတာ ဒီမှာမုန့်တွေဝယ်လာတယ်။ "

(အမေ့ကိုကြည့်လိုက်သည်။ သူ၏ငယ်ငယ်တုံးကဓာတ်ပုံထဲကနှင့်တစ်ပုံစံတည်းဖြစ်သည်။အဖေသည် ကျွန်တော်ငယ်ငယ်ထဲက ဆုံးသွားပြီးဖြစ်သည်။ အဖေဆုံးထဲကအမေသည် အလုပ်ကိုပိုလုပ်နေသည်မှာဒီနေ့ထိဖြစ်သည်။ ထို့ကြောင့် သူ့ကိုသနားလဲသနားသည်၊ ချစ်လဲချစ်သည်။ ကျွန်တော်တို့မုန့်စားပြီးကိုယ့်အခန်းကိုဝင်သွားကြသည်။ အမေအိပ်ပြီးလားတော့မသိ ကျွန်တော်ကတော့ သိုက်စံ ငြင်းခဲ့သည့်အချိန်နှင့် သူ၏ ပြောပုံဆိုပုံများကို ပြန်စဥ်းစားနေမိပြီးဝမ်းနည်းနေမိသည်။ ထို့နောက် ကျွန်တော်သည် အနာဂတ်ကိုပြောင်းလဲဖို့ ဆုံးဖြတ်လိုက်တော့သည်။)

{နောက်တစ်နေ့}

သိုက်စံ- " သျှိုဏ်း!.."

သျှိုဏ်း- "ဟမ်?"

သိုက်စံ- " ဟိုလေ..မနေ့ကကျောင်းမှာ မင်းစာအုပ်ကျန်ခဲ့တယ်..ဟို..မင်းရဲ့ notebook ထင်တယ်"

သျှိုဏ်း- " ဟမ်.. notebook?"

သိုက်စံ- " ရော့..ငါသွားပြီ"

(ဒီနေ့အတော်ထူးဆန်းသည်။ သိုက်စံဘွားအောင်သည် ပုံမှန်ဆို သူဘက်ကစကားစပြောခြင်းသိပ်မရှိပေ။ တကယ်လိုအပ်သည့် အချိန်မှသာ စကားအရင်စပြောလေ့ရှိသည်။ ယခုလို notebook ကျန်ရုံနှင့် စကားစပြောမည့်သူမျိုးမဟုတ်ပေ။ ရော့ အင့် ဆိုပြီး သွားမည့်သူမျိုးဖြစ်သည်။ နောက်ပြီး ထိုnotebook သည်ကျွန်တော့် notebook လဲမဟုတ်ပေ။ ကျွန်တော်အတွင်းထဲသို့လှန်ရန်လုပ်ချိန် လက်ကနာရီကိုကြည့်မိ၍ ကျောင်းနောက်ကျတော့မည်ဖြစ်တာကြောင့် ထိုစာအုပ်ကို လွယ်အိတ်ထဲထည့်ပြီး ကျောင်းသို့ အပြေးလာလိုက်တော့သည်။ အတန်းထဲသို့ရောက်သောအခါ ကျွန်တော်သည် သိုက်စံဘွားအောင်ကို မေးရန်လုပ်သော်လည်း ဆရာမဝင်လာသောကြောင့် ဘာမှမမေးလိုက်ရပေ။ ပထမအတန်းချိန်ပြီးသောအခါ သူ့ကိုမေးလိုက်တော့သည်။)

You Are The One Who I love (completed)Where stories live. Discover now