You Are The One Who I Love (ep-4)

6 2 0
                                    

(ကျောင်းဆင်းချိန်တွင် ကျွန်တော်သည် သိုက်စံဘွားအောင်ကို သဘောကျသင့်မကျသင့်စဥ်းစားနေလေသည်။ ထိုစဥ် ကျွန်တော့်ပခုံးပေါ် တစ်ယောက်ယောက်ကလက်တင်၍ စကားပြောလေသည်။)

သိုက်စံ- "မင်းဘာလို့ငါ့ကိုသိချင်ယောင်ဆောင်နေရတာလဲ"
(သိုက်စံသည် ပြုံးနေသည့် အနေအထားနှင့်မေးနေလေသည်။)

သျှိုဏ်း- "ဘာကိုလဲ"

သိုက်စံ- "မင်းမမှတ်မိသေးဘူးဘဲ ဒါမဲ့ မင်းတော်တော်ပြောင်းလဲသွားတယ်.....တခြားလူတစ်ယောက်လိုဘဲ.....မဟုတ်ဘူး....မင်းကငါ့ကိုတခြားလူတစ်ယောက်လိုဆက်ဆံနေတာ..."

(သိုက်စံဘွားအောင်သည် ဝမ်းနဲပြီးစိတ်မကောင်းဖြစ်နေသည့် ပုံစံနှင့်ပြောနေလေသည်။ သူပြောချင်သည်ကိုကျွန်တော်နားမလည်ပေ။)

သျှိုဏ်း- "မင်းဘာကိုပြောချင်တာလဲ...မင်းကငါ့ကိုသိနေတာလား"
(သိုက်စံဘွားအောင်သည် ကျွန်တော့်ကို မကြည့်ဘဲ ခေါင်းငြိမ့်လေသည်။)

သျှိုဏ်း- "ဒါဆို...မင်းလဲအနာဂတ်ကပြန်ရောက်လာတာလား....အဲ့ဒါမို့လို့...."
(ကျွန်တော်စကားမဆုံးခင် သိုက်စံဘွားအောင်က စကားဖြတ်၍ပြောလိုက်သည်။)

သိုက်စံ- "မဟုတ်ဘူး!....မင်းပြောနေတဲ့အနာဂတ်ကလူတွေဘာတွေငါမသိဘူး...ငါကမင်းနဲ့ငယ်ငယ်ထဲကပေါင်းနေတဲ့ ငယ်သူငယ်ချင်းဘဲ...မင်းငါ့ကိုတောင်မမှတ်မိတော့ဘူးလား..."

(ဤတွင် တခုခုတော့လွဲနေလေပြီ။ သိုက်စံဘွားအောင်နှင့် ကျွန်တော်သည် အထက်တန်းကျောင်းမှစ၍ သိကြခြင်းဖြစ်သည်။ မည်သို့ပင်တွေးတွေး အထက်တန်းပထမနှစ်တွင် စတွေ့ကြခြင်းဖြစ်သည်။ သူနှင့်စတွေ့သည့်ရက်ကို ကျွန်တော်မမေ့မပျောက်ရှိနေသေးသည်။ ယခုတွင်မူ သူသည် ကျွန်တော်နှင့် ငယ်ငယ်ထဲက သိနေသည်ဆိုထဲက လွဲနေပေသည်။ သေချာသည်က သူလဲအနာဂတ်ကပြန်ရောက်လာပြီး ကျွန်တော်နှင့်ပတ်သက်သည့် ဇာတ်လမ်းကို တစ်မျိုးပြောင်းချင်နေသည်လားမသိပေ။ ထို့နောက်သူ့ကို လှည့်ကြည့်လိုက်သည်။ သိုက်စံသည် မျက်လုံးထဲမှကျမည်ဆိုလျှင် ဘူးသီးလုံးကြီးမည့်မျက်ရည်များ ဝဲနေလေသည်။)

You Are The One Who I love (completed)Where stories live. Discover now