You Are The One Who I Love (ep-5)

4 2 0
                                    

{သိုက်စံ- "ဒီစာအိတ်ကဘာလုပ်ဖို့လဲ?"

သျှိုဏ်း- "မင်းအိမ်ပြောင်းသွားရင် ဖွင့်ဖတ်ကြည့်ပေါ့ကွာ...နောက်ပြီး မင်းအိမ်မပြောင်းမချင်းဖွင့်မကြည့်ပါဘူးလို့ကတိပေး"

သိုက်စံ- "ရီးစားစာလား"

သျှိုဏ်း- "မ...မဟုတ်ပါဘူး ငါဒီအရွယ်လေးနဲ့ရီးစားစာပေးစရာလား"

သိုက်စံ- "ဪ...အေးပါ..ကတိပေးပါတယ်"}

(တီတီ...တီတီ...တီတီ.....နာရီမှနှိုးစက်သံမြည်လာ၍ ကျွန်တော်နိုးလာသည်။ထိုးနှိုးစက်သည့်ကျွန်တော့်နှိုးစက်သံမဟုတ် အမေ့ရဲ့နိှုးစက်သံဖြစ်သည်။မနက် ၅ နာရီသာရှိသေးသည်။ ကျွန်တော်လဲ ပြန်အိပ်မရသည်နှင့် အတွေးနယ်ချဲ့လေတော့သည်။သေချာပြန်စဥ်းစားကြည်လျှင် သိုက်စံသည် တစ်ခုခုကိုဖုံးကွယ်ထားသည်။)

သျှိုဏ်း- " စာအိတ်?...ဟမ်?"

(ကျွန်တော်သည် သူဘာဖုံးကွယ်ထားသည်ကိုစဥ်းစားရင်းပါးစပ်မှ စာအိတ် ဆိုပြီး အသံထွက်လာသည်။ ဟုတ်မည်ထင်သည် သူကျောင်းမှာတုံးက စာအိတ်တစ်ခုကိုကိုင်ထားသည်ကိုတွေ့ရသည်။ ထို့ကြောင့် ကျွန်တော် ကျောင်းစောစောသွားရန်ဆုံးဖြတ်လိုက်ပြီး ခနပြန်အိပ်လိုက်တော့သည်။)......(သို့သော် ထုံးစံတိုင်းနောက်ကျသွားပြန်သည်။ ကျောင်းနှင့်အိမ်သည် နီးသောကြောင့် အချိန်မှီသွားသည်။ ဒီနေ့ကျောင်းတွင် မင်းခန့်သွေးမလာပေ။ ခုံတန်းတွင် သိုက်စံတစ်ယောက်ထဲထိုင်နေလေသည်။ ကျွန်တော်အခန်းထဲသို့ဝင်လာသည်နှင့် သူကျွန်တော့်ကိုလှည့်ကြည့်သည်။ ကျွန်တော်သူ့နားထိုင်သွားသည်အထိ ကြည့်နေသည်။)

သျှိုဏ်း/သိုက်စံ- "မင်းဒီနေ့ထူးဆန်းနေတာဘဲ"

(ကျွန်တော်တို့နှစ်ယောက်လုံး တပြိုင်ထဲပြောလိုက်ကြသည်။)

သိုက်စံ- "ပြောစရာတွေရှိနေတဲ့ပုံဘဲ"

သျှိုဏ်း- "မင်းရောဘဲ"

သိုက်စံ- "မင်းအရင်ပြော"

သျှိုဏ်း- "နိုး...မငး်အရင်ပြော"

သိုက်စံ- "မင်းအရင်ပြောစမ်းပါ"

သျှိုဏ်း- " ကောင်းပြီလေ"

You Are The One Who I love (completed)Where stories live. Discover now