You Are The Who I Love (ep-6)

2 2 0
                                    

(အိမ်ရောက်သောအခါကျွန်တော်သည် ကျွန်တော့်၏ notebook ကို ဖွင့်လိုက်ပြီး ကျွန်တော်ဖြစ်ပျက်ခဲ့သည်များကိုချရေးကာ ဖတ်ကြည့်ပြီးဖြစ်နိုင်ချေများကိုစဥ်းစားနေသည်။)

သျှိုဏ်း- "ငါကအနာဂတ်မှာတုံးက မတော်တဆဖြစ်ပြီး အတိတ်ကိုပြန်ရောက်လာတယ်...အဲ့ဒါဆို ငါ့အတိတ်တွေကအခုလိုမျိုးတွေဖြစ်နေခဲ့တာမဟုတ်ပါဘူး"
(ကျွန်တော်သည် ကျွန်တော့်စားပွဲမှ မှန်အသေးလေးကိုယူ၍ မှန်ကြည့်လိုက်သည်။)

သျှိုဏ်း- "ငါလဲ သျှိုဏ်းဝေယံပါဘဲ....ဒါမဲ့ ဒီကလူတွေက ငါ့ကိုတစ်ခြားတစ်ယောက်လိုဆက်ဆံနေသလိုဘဲ......နေပါအုံး....အချိန်ခရီးသွားဆိုတာက မတော်တဆဖြစ်တဲ့အချိန်မှာ ကြီးမားတဲ့တိုက်ဆိုင်မှုတခုခုကြောင့် မတော်တဆကူးပြောင်းသွားနိုင်တယ်လို့ ကြားဖူးတယ်...ငါ့ရဲ့တိုက်ဆိုင်မှုကဘာလဲ.....ငါကားတိုက်ခံရတုံးကညဘက်ကြီးဆိုတော့....ဘာမှသေချာ.....မမြင်လိုက်ရဘူး....ဒါနဲ့...အမေ့ကိုမေးရအုံးမယ်..ဒီမှာငါမတော်တဆဖြစ်တုံးကဘယ်ခ​ျိန်လဲဆိုတာလဲ"
(ကျွန်တော်လဲ အခန်းထဲမှထွက်ပြီး အမေ့အခန်းထဲသို့သွားလိုက်သည်။ အမေပြောသည်က ကျွန်တော်အလယ်တန်း ဒုတိယနှစ်တုံးက ညဘက်မှာတော်တော်နဲ့အိမ်ပြန်မရောက်ဘဲ တခြားလူဖုန်းဆက်တော့မှ ကျွန်တော် ခေါင်းအရိုက်ခံရမှန်းသိကြောင်း၊ ရိုက်သည့်သူမှာလဲ မင်းခန့်သွေးဖြစ်ကြောင်း၊ ဘာအကြောင်းကြောင့်ရိုက်မှန်းမသိကြောင်း ​ပြောပြလေသည်။ ကျွန်တော်လဲ အခန်းထဲသို့ဝင်ပြီး ဒီကိုရောက်နေရသည့် သီအိုရီကိုစဥ်းစားကြည့်ပြန်သည်။)

သျှိုဏ်း- " ဒါဆို အခုအတိတ်ဇာတ်ကြောင်းက ငါ့အတိတ်ဘဝနဲ့နဲနဲမှမဆိုင်ဘူး သေချာတာကအခုငါက တခြားသျှိုဏ်းဝေယံကိုယ်ထဲရောက်နေတာဘဲ.......အဲ့တော့....ငါနဲ့တစ်ပုံစံထဲကိုမှငါ့နာမည်နဲ့လူဆိုတော့....စင်ပြိုင်စကြာဝဋ္ဌာ များလား......ငါမတော်တဆဖြစ်တဲ့အချိန်နဲ့ အခုနေရာရောက်နေတဲ့ငါမတော်တဆဖြစ်တဲ့အချိန် တူနေလို့များလား..."
(ကျွန်တော်လဲ အမေ့အခန်းထဲသို့ထပ်ဝင်ပြီး မတော်တဆဖြစ်တဲ့အချိန်ကိုမေးကြည့်လိုက်သည်။)
သျှိုဏ်းအမေ- "ည 11နာရီ 12နာရီလောက်ဘဲ...ဘာဖြစ်လို့လဲသား တစ်ခုခုဖြစ်လို့လား"

You Are The One Who I love (completed)Where stories live. Discover now