What's Eating Gilbert Grapes

102 1 0
                                    

TITLE:What's eating Gilbert Grape DIRECTOR:Lasse Hallstrom STARRING:Johnny Depp,Lronardo Decaprio and Juliette Lewis
Movie Review: spoiler alert

Match in the gas tank,boom boom..
ဒီဇာတ်ကားလေးကိုမှတ်မိကြသေးရဲ့လား
အခု ၁၉၉၃ ခုနှစ်ကအချိန်တွေဆီပြန်သွားပြီး လိုက်ပါစီးမျောကြည့်ရအောင်....

Gilbert ဂေးဘတ်တို့ညီအစ်ကိုနှစ်ယောက်ဟာ ဒီအချိန်ဆိုလာနေကျ Camper ကားကြီးတွေကိုစောင့်ကြည့်နေကြတယ်...အဓိက ကတော့ပေါကြောင်ကြောင်ဖြစ်နေတဲ့ သူ့ညီ Arnie အာနီကသာကြည့်ချင်နေခဲ့တာပါ...အာနီကိုမွေးတုန်းက ၁၀ နှစ်သာအသက်ရှင်မယ်လို့ပြောခဲ့ပေမဲ့ အခုချိန်အထိတော့အသက်ရှင်နေသေးတယ်..မကြာခင်မှာ အာနီ ရဲ့အသက် ၁၈ နှစ်ပြည့်မွေးနေ့လုပ်ဖို့အိမ်ကလူတွေအားလုံးတာစူနေကြတယ်...

ပြောရင်းဆိုရင်း Camper ကားကြီးတွေရောက်လာကြပြီ...အာနီ ကတော့ပျော်ပြီးလျှောက်အော်နေတယ်..ဂေးဘတ်ကတော့စိတ်ညစ်ညစ်နဲ့ နှဖူးပေါ်ဝဲကျနေတဲ့ရှည်လျှားလှပတဲ့ဆံပင်တွေကို လက်တဖက်နဲ့သိမ်းလိုက်ပြီး တုတ်တစ်ချောင်းနဲ့ မြေကြီးကိုခြစ်နေလိုက်တယ်...ဟုတ်တယ်လေဒီကောင်အာနီက ကြပ်သိပ်မပြည့်တော့ထိန်းရတာမလွယ်ဘူး သူ့ခန္ဓာကိုယ်က လူကြီးလိုဖြစ်လာပေမဲ့ ဦးနှောက်က ကလေးအရွယ်ပဲဆ်ိုတော့ အမြဲဂရုစိုက်နေရတာပေါ့...

ကားတန်းရှည်ကြီးထဲမှာနောက်ဆုံးတစ်စီးက စက်ချို့ယွင်းပြီးထိုးရပ်သွားတော့..Becky ဘက်ကီဆိုတဲ့မိန်းကလေးတစ်ယောက်နဲ့ဘွားတော်တစ်ဦးဆင်းလာပြီး ကားအဖုံးကိုဖွင့်ပြီးစစ်ဆေးနေကြတယ်....

သေချာတာကတော့ ဒီမြေးအဖွားနှစ်ယောက် Endora ဆိုတဲ့မြို့လေးမှာသောင်တင်နေကြရတော့မယ်...ဒီမြို့လေးဟာဘာမှသိပ်မဖွံ့ဖြိုးတဲ့ မြို့လေးပေါ့...ဒီမြို့လေးမှာအနေကြာနေတဲ့ဂေးဘတ်ကတော့ ဆားမပါတဲဟင်းကိုစားရသလို ဂီတမပါပဲက..နေရသလိုစိတ်ကုန်နေတာကြာပြီဆိုပဲ....

ဒီမြို့လေးရဲ့အချက်အချာကျတဲ့ High way လမ်းမကြီးပေါ်မှာ Foodland ဆိုတဲ့ကုန်စုံဆိုင်ရှိတယ်.... အဲ့ဒီဆိုင်နဲ့ အနည်းငယ်လှမ်းတဲ့ Lamson's ဆိုတဲ့ကုန်စုံဆိုင်မှာ
ဂေးဘတ်အလုပ်တယ်...ဆိုင်နှစ်ဆိုင်ဟာအပြိုင်လိုဖြစ်နေကြတယ်....

ဂေးဘတ်ဟာ သူအလုပ်သွားရင်တောင် အာနီ့ကိုခေါ်သွားလေ့ရှိတယ်....ဂေးဘတ်မှာ Amy အေမီဆိုတဲ့အမတစ်ယောက်ရယ်....Ellen ဆိုတဲ့ ၁၅ နှစ်ညီမတစ်ယောက်လည်းရှိတယ်...Larry ဆိုတဲ့အစ်ကိုအကြီးဆုံးတစ်ယောက်ကတော့ အိမ်ကထွက်သွားကတည်းက ပြန်မလာတော့တာကြာခဲ့ပြီတဲ့...သူတို့တွေရဲ့အဖေဖြစ်သူ Albert Grapeကတော့ လွန်ခဲ့ ၁၇ နှစ်လောက်ကတည်းက သွေးရိုးသားရိုးမဟုတ်တဲ့ ကိုယ့်ကိုကိုယ်အဆုံးစီရင်ခြင်းမျိုးနဲ့ ဆုံးပါးသွားခဲ့တာပါ.....ဒီကိစ္စနဲ့ပဲအမေကလည်းစိတ်ထိခိုက်ခဲ့ရပြီးအိမ်ထဲကနေမထွက်တာကြာခဲ့ပါပကောလား...

What's eating Gilbert Grapes Where stories live. Discover now