မင်းက ကိုယ့်ရဲ့နှလုံးသားကို လှုပ်ရှားအောင် ဖန်တီးပေးခဲ့သူ...... မင်းက ကိုယ့်ကိုခံစားတတ်အောင်သင်ပေးခဲ့သူ... မင်းမရှိရင်... ကိုယ်လည်းပျောက်ကွယ်သွားလိမ့်မယ် ငှက်မွှေးလေး တစ်ခုလိုပဲ လေပြေလေးတိုက်ရင်တောင်မှ လွင့်ထွက်သွားနိုင်တယ် မင်းသာ ဘေးမှာရှိခဲ့ရင်တော့...... ကိုယ် ဘယ်အရာကိုမှမကြောက်ဘဲ ရင်ဆိုင်ရဲတယ် ကိုယ့်နှလုံးသားက မခုန်ကြွရင်တောင်မှပေါ့