စုန့်ယောင်းယောင် သေဆုံးခဲ့ပြီ။ သူမဘ၀က သူမ၏တစ်ဆယ့်ကိုးနှစ်မြောက်မွေးနေ့တွင် အဆုံးသတ်ခဲ့သည်။ သေဆုံးရခြင်းအကြောင်းအရင်းက နှလုံးရပ်၍။ သို့ပေသော်ငြား ယခုအခါတွင် သူမတစ်ဖန်ပြန်လည်ရှင်သန်လာပြန်သည်။ ဉီးခေါင်းမှ တဆစ်ဆစ်ကိုက်နေသည့်ဝေဒနာက ထင်ယောင်ထင်မှားဖြစ်နေတာမဟုတ်ကြောင်း သူမကိုသက်သေခံလျှက်ရှိ၏။ ထို့အပြင် အသက်ပြန်ရှင်လာရုံသာမက သူမတစ်ခါဖတ်ဖူးသည့် ရူးကြောင်ကြောင်၀တ္ထုတစ်ပုဒ်ထဲသို့ ဝိဉာဉ္ကူးသွားကာ ဒုတိယမင်းသမီးဖြစ်လာခဲ့လေသည်။ သနားစရာဒုတိယမင်းသမီးလေးခမျာ စိတ်ကပျော့ပျော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကနည်းပါဘိသနဲ့ နောက်ဆုံးတော့ ဘ၀ဇာတ်ခုံပေါ်တွင် ရင်နင့်ဖွယ်ကောင်းစွာ တစ်ခန်းရပ်ခဲ့ရရှာသည်။ သို့သော် စုန့်ယောင်းယောင်ကတော့ ဒီလိုအဖြစ်ခံမည် မဟုတ်.... (ဘာသာပြန်၀တ္ထုပါ။)