I bdsm you (1)

7.9K 115 0
                                    

နီရဲရဲ မီးရောင် တွေနဲ့ အလုံပိတ်အခန်းတစ်ခု...။ ကတ္တီပါ အနီရောင်တွေအပြည့်ခင်းထားပြီး တစ်ခန်းလုံးနီရဲတောက်နေ၏။ အခန်းထဲတွင် ကုတင်တစ်လုံး နဲ့ စားပွဲရှိရာ စားပွဲပေါ်တွင် အမျိုးမျိုးသော လိင်စိတ်ကြွအရုပ်များ... ပစ္စည်းများ ...ဆေးများ ရှိနေသည်။ နံရံတွင်လည်း.... လက်ဝါးကပ်တိုင် ထောင်ထားပြီး ကြိုးများ ၊ လက်ထိပ်များ အမျိုးစုံလင်စွာ ချိတ်ဆွဲထားလေသည်။ ထို့ပြင် လိင်စိတ်ကြွရုပ်ပုံများကိုပင် ကပ်ထားလေသည်။  ကုတင်ပေါ်တွင် suit အပြည့်ဖြင့် ခြေချိတ်ထိုင်နေသောလူတစ်ဦး...။  မျက်နှာမှာ ချောမောသလောက် တည်ငြိမ်ရင့်ကျက်စွာ ခန့်ညားနေသည်။ သူ့၏ မျက်ခုံးမှာ မည်းနက်နေပြီး မျက်လုံးမှာလည်း မကြည့်ရဲအောင် စူးရှနေရကား...နှာတံချွန်ချွန် နှုတ်ခမ်းမွှေးတိုစစ နှင့် ထိုလူသည် အသက် ၂၆နှစ် သာရှိသေးသော ရှိုင်းထက်မာန် ပင်ဖြစ်လေသည်။ ထိုအချိန် အနီရောင် အခန်းတံခါး ပွင့်လာရာ....ရှိုင်းထက်မာန် ဆီသို့ တရွေ့ရွေ့လာနေသော ထိုလူသည် ရှိုင်းထက်မာန် ထိုင်နေသာအောက်ဘက်  ကုတင်ခြေရင်း၌ ဒူးထောက်ထိုင်ကာ ရှိုင်းထက်မာန်၏ ရှူးဖိနပ်ကို ငုံ့နမ်းရင်း စကားဆိုလာသည်။
"သခင်....သခင်စေလိုရာ ကျွန် ဖြစ်ပါရစေ...."
    ရှိုင်းထက်မာန်၏ဘဝကား ရှုပ်ထွေးခဲ့သည်။ ဆယ်ကျော်သက်အရွယ် ကျောင်းပြီးကတည်းက သူ၏ဘဝတွင် အပြောင်းအလဲများစွာ... နာကျင်မှု ....ခံပြင်းမှုတွေနှင့်သာပြည့်နှက်ခဲ့ရသည်။ အခုလို ချမ်းသာလာခြင်း ထူးချွန်လာရခြင်းအကြောင်းကား လက်စားချေမှုတစ်ခုအတွက် သက်သက်ကြောင့်ပင်။ ဆယ်ကျော်သက်အရွယ်က သူ၏ဘဝကိုနင်းချေခဲ့သော လဝန်းဂုဏ် ဆိုသည့်သူကို လက်စားချေရန် ကြိုးစားခဲ့ခြင်းပင်ဖြစ်သည်။
      *ဟက်...လဝန်းဂုဏ် ဆိုတာ ကျွန်တော့်စီနီယာကြီးပေါ့  ချောလည်းချောတယ် ချမ်းသာပြီး ဂုဏ်နဲ့မာန်နဲ့နေတဲ့သူတစ်ဉီး..... တစ်နေ့တော့သူက ကျွန်တော့်ဆီလာပြီး.....
      "ရှိုင်း.... ကိုယ်မင်းကို စိတ်ဝင်စားတာကြာပြီ...မင်းကိုသဘောကျတယ်...ဒါကြောင့် ကိုယ်မင်းကိုတောင်းဆိုချင်တယ်...ရှိုင်း bdsm အကြောင်းသိတယ်မလား... ကိုယ် မင်းနဲ့ SM play ချင်တယ်....ကိုယ်မင်းကို S နေရာ master နေရာမှာထားမှာပါ ကိုယ်မင်းကိုချစ်တယ် မင်းအမိန့် မင်းရဲ့လွှမ်းမိုးမှုတွေကို ခံချင်တယ်...."
      ကျွန်တော်လည်း ဝါသနာပါပါတယ်..။ ဒါပေမဲ့ ကျွန်တော်မလုပ်ချင်ပါဘူး...။ သူက bdsm လောကအကြောင်းသိပုံတောင်မရဘူး...။သူကတောင်းဆိုနေတော့ နောင်ကျဥ်သွားအောင်ဆိုပြီး sex မပါပဲ အပြစ်သားတစ်ယောက် ကျွန်တစ်ယောက်အနေနဲ့ဆက်ဆံခဲ့တာပါ...ဒါပေမဲ့ တဖြည်းဖြည်း သူကျွန်တော့်အပေါ် အနစ်နာခံတာတွေ ကျွန်ဘာပြောပြော ဘာလုပ်လုပ် ခေါင်းငြိမ့်တာတွေကြောင့် တဖြည်းဖြည်းသူ့အပေါ် သံယောဇဥ်တွယ်လာမိတယ်... ။ချစ်မိလာတယ်...။ နောက်ဆုံး master တစ်ယောက်က salve ကို ခန္တာကိုယ် တစ်ခုလုံးနှလုံးသားတစ်စုံလုံးပေးဆပ်ခဲ့တဲ့အထိ ကျွန်တော်သူ့ကိုချစ်ခဲ့တာ..။ အကုန်လုံးနောက်ကျပြီးမှသိခဲ့ရတာက သူဟာ ကျွန်တော့်ကို အလောင်းအစားတစ်ခုအတွက် ကစားရုံသာ ဆိုတာသိခဲ့ရတယ်....။ အဲ့ဒီအချိန် ကျွန်တော်သူ့ကိုဘာမှမလုပ်နိုင်ခဲ့ဘူး...။ ကျွန်တော့်မှာ ငွေမရှိ လူရာမဝင်တဲ့အတွက်ကြောင့် သူ့ကို လက်စားချေချင်စိတ်နဲ့ကြိုးစားခဲ့တာ အခုတော့ ကျွန်တော့ဆန္ဒ တွေ ပြည့်တော့မယ်....။ ကျွန်တော့်ဆီ သူကိုယ်တိုင် လာပြီး တောင်းဆိုနေပြီလေ....။

I bdsm you....(completed) Where stories live. Discover now