Run Away

1.6K 67 4
                                    

(Unicode)

Chim's POV

ကျွန်မနိုး​တော့ အိပ်ရာထဲကို ​ရောက်​နေတယ် အခန်း​ထောင့်မှာ မတ်တတ်ရပ်ရင်း အိပ်​​ပျော်သွားတယ် ထင်တယ် ph မှာကြည့်လိုက်​တော့ ​​နေ့လည် 11 နာရီ​​ရောက်​နေပီ

Oppa တို့က ဒီအချိနိဆို studio မှာရှိမှာပဲ အာ့ဆို....😏

ကျွန်မ ကုတင်​ပေါ်က ဆင်း..အ၀တ်လဲပီး အထုပ်အပိုးပြင်လိုက်တယ်

ကျွန်မ အိမ်က​နေ ထွက်​ပြေးမလို့​လေ

ကျွန်မ သူငယ်ချင်းအိမ်မှာ ဒါမှမဟုတ် ဟိုတယ်မှာ​နေမယ် ဒါက oppa တို့အပြစ်​ပေးတာကို ​​ရှောင်လွှဲဖို့ တစ်ခုထဲ​သော နည်းလမ်းပဲ

Phone ရယ် အိတ်ရယ် ယူပီး အိမ်ကထွက်လာတယ် ဒါကို မလုပ်သင့်ဘူးလို့ထင်ပေမဲ့ တခြား​ရွေးစရာလမ်းမရှိဘူး​လေ

ကျွန်မ သူငယ်ချင်း​တေ ph ဆက်ပီး ဟိုတယ်မှာ အခန်းငှားပီး party တစ်ခုလုပ်ဖို့ဆုံးဖြတ်လိုက်တယ်

ပိုက်ဆံက​​တော့ jimin oppa ရဲ့ credit card ကို ခိုးလာတာ

1 နာရီ​လောက်ကြာ​တော့ သူငယ်ချင်း​တေ​ရောက်လာပီး တခန်းလုံး လူပြည့်သ​လောက်ဖြစ်နေပီ

2 hours later

ကျွန်မလည်း သူငယ်ချင်း​တေနဲ့ ​သောက်တာ နည်းနည်းများသွား​တော့ ​တော်​တော်မူး​နေပီ

Jimin's POV

Studio ကနေ ပြန်ရောက်တဲ့အခါ ည 9 နာရီရှိပြီ

y/n ကို ကြည့်ဖို့ အပေါ်ထပ်ကို အမြန်တက်ခဲ့တယ်
ဒါပေမယ့် အိပ်ရာက လွတ်နေတယ်

ဗီရိုနားကို လှမ်းကြည့် လိုက်တော့ အဝတ်အစားတွေ အကုန်ပျောက်နေတယ်….

Jm-Y/N!!!

ကျ​နော် ထိတ်လန့်လာတယ်

Jin hyung က ကျွန်တော့်ဆီကို ပြေးလာတယ်

Jin- ဘာဖြစ်လို့လဲ?

Jm-Hyung... y/n အိမ်ကထွက်သွားပြီထင်တယ်

ကျွန်တော်  ငိုပြီး ပြောလိုက်တယ်

Namjoon က y/n Yoongi၊ Jungkook ကို ချက်ချင်းဖုန်းဆက်ပြီး Taehyung က y/n ကို လိုက်ရှာဖို့ အိမ်ထဲကနေ ပြေးထွက်သွားတယ်

𝙻𝚒𝚏𝚎 𝚆𝚒𝚝𝚑 𝚂𝚎𝚟𝚎𝚗 𝙱𝚛𝚘𝚝𝚑𝚎𝚛𝚜Where stories live. Discover now