Unicode
မိုးခြိမ်းသံနဲ့တွေတအုန်းအုန်းရွာသွန်းဖြိုးပြီး အာရုံတက်ချိန်ရောက်မှ
မိုးသက်လေညှင်းကတိုးဝှေ့တိုက်ခက်သွားကာ လေနဲ့အတူ မိုးသားတိမ်တိုက်တို့ပါမျောပါသွားသလားမသိချေ။ နံနက်ခင်းရောင်ခြည်
ထွက်စမှာမိုးဖွဲလေးတွေသာခပ်စိပ်စိပ်ကျနေပြီး စိမ်းစိုနေသော သစ်ရွက်လေးတွေပေါ်မှာ ရေစက်ကလေးတွေတင်နေလေသည်။တိုင်းမျက်ဝန်းတွေပွင့်လာတော့ ဘုန်းဆက်ကကုတင်ဘေးမှာ ငုတ်တုပ်အနေအထားဖြင့်ထိုင်နေပြီး မျက်နှာကိုတော့ ကုတင်အစွန်းကိုမှောက်အပ်ထားကအိပ်ပျော်နေသလားမသိ။အကြည့်တို့ကလက်ချောင်းတွေဆီရောက်သွားပြန်တော့ ဘုန်းဆက်ကတိုင်း၏လက်ဖဝါးကိုဆုပ်ကိုင်ထားပြီး ထွက်သွက်ငွေ့ငွေ့လေးက လက်ချောင်းတွေကို
ရိုက်ခက်နေ၏။ တိုင်းရင်ထဲ လှိုင်းလုံးလေးတွေပုတ်ခက်သွားသလိုခံစားရကာ ဘုန်းဆက်၏ဆံသားတွေထဲ လက်ချောင်းထိုးဖွလိုက်စဉ်"သြော်...တိုင်းနိုးနေပြီလား"
"အဟွန်း...အဟွန်း"
လှုပ်လှုပ်ရှားရှားဖြစ်လာပြီး လေသံခပ်တိုးတိုးကြောင့် ဆုပ်ကိုင်ထားသည့်လက်ကို ဖယ်ချလိုက်ပြီး မျက်မှန်ကမန်းကတမ်းကောက်တက်ကာ မတ်တပ်ထရပ်လိုက်လေသည်။ပြီးတော့နာရီတစ်ချက်ကြည့်
လိူက်ပြီး အခြောက်ခံထားသည့် အညိုရောင်ကုပ်အင်္ကျီကို ဆွဲယူသည်။"လေလံကနေ့လည်လောက်စမှာ ငါတို့ပြန်ရအောင်"
အောက်ဆင်းဖို့ခြေလှမ်းလိုက်သည်နှင့် ဘုန်းဆက် အမြန်ထရပ်လိုက်ပြီး တိုင်း၏လက်ကောက်ဝတ်ကိုလှမ်းဆွဲလိုက်၏၊ပြီးတော့
"တိုင်း!ကျွန်တော့်ကိုအဖြေပြန်ပေးအုံးလေ"
"ဘာအဖြေလဲ"
"ကျွန်တော့်နှလုံးသားကိုလက်ခံခွင့်ပြုဖို့အတွက်"
တိုင်းနောက်ပြန်လှည့်ကာ မော့ကြည့်၏။
"ငါမင်းရဲ့အချစ်ကိုလက်ခံတယ်၊အသိအမှတ်ပြုတယ်၊ဒါပေမယ့်ဒီ
လိုလက်ခံတိုင်း ငါမင်းကိုချစ်တယ်လို့ဆိုလိုသေးတာမဟုတ်ဘူးနော်"
YOU ARE READING
DOUBLE T(OR) BE MY LORD [ Completed ]