ဇာတ်သိမ်းပိုင်း

9.3K 405 18
                                    

""နှင်းး... နှင်း ဟုတ်တယ်မလားဟင်""

""ရှူးးး...ပြွတ်စ်.. ..

""ဖြေပါ နှင်း မဟုတ်လားလို့""

"ပြွတ်စ်... ပြွတ်စ်....

""ကျမ ကြည့်ပါရစေ...ပဝါချွတ်ပေးပါ""

""ပြွတ်စ်...

အနမ်းများဖြင့်သာ တုံ့ပြန်နေသော ထိုအမျိုးသမီးကို ခင်စိတ်မရှည်တော့ပါ။
သိချင်ဇော မြင်ချင်ဇောများက တစ်ဖွားဖွား။ ငိုချင်နေသည့် ​အသံပင်ထွက်လာသည်။ 

""ကျမမေးနေတယ်လေ ရှင်ဘယ်သူလဲလို့""

""Rose...မလားဟင်..ကျမကို မနှောက်ပါနဲ့တော့""

""ပြွတ်စ်.....

ဒီတစ်ကြိမ်တွင်တော့ နှုတ်ခမ်းကိုလွတ်မပေးတော့ပဲ အနမ်းမိုးများရွာချတော့သည်။ စပ်စုချင်သည့် အမျိုးသမီးကတော့ မျက်နှာရှောင်ဖယ်ကာ နှုတ်ခမ်းကိုလည်း စိထားပြန်သည်။ သို့ပေမယ့်လည်း ရုန်းမထွက်ပြန်ပါ။ နှုတ်ခမ်းကိုက်ဖို့ကြိုးစားပြန်လျှင်လည်း နှင်းဖြစ်နေလျှင် နာသွားမှာကို စိုးရိမ်ပြန်သည်။

တအောင့်လောက်ကြာတော့ လွတ်ပေးလိုက်ကာ အသက်ကိုဝအောင်ရှူလိုက်ကြပြီး.....

""ကျမ မျက်လုံးက ပဝါကိုဖယ်ပေးပါ"

နူးညံ့သိမ်မွေ့သောအသံလေးနှင့် တောင်းဆိုလိုက်တော့.....ပဝါစလေးကို ဆွဲချွတ်ပေးလိုက်သည်။ပြီးနောက် လက်ကို ချည်ထားသောကြိုးကိုလည်းဖြည်ပေးလိုက်သည်။

ဟော.....လွမ်းနေခဲ့ရသော အမျိုးသမီးလေးပင်။ အပြီးတိုင်ဆုံးရှုံးခဲ့ရပြီဟု ထင်ခဲ့သော အမျိုးသမီးကြီး။ နှင်းမှ
နှင်းအစစ်ပင်။ တကယ့်ကို သူမချစ်ခဲ့ရသော တဏှာကြီးသည့် အမျိုးသမီးကြီးပင် မဟုတ်ပါလား။

""အဟင့်..အဟင့်....

ခင် မျက်ရည်များအတိုင်းအဆမရှိ စီးကျလာကာ ငိုကြီးချက်မဖြင့် အော်ငိုတော့သည်။

""ခင်...ဘာဖြစ်တာလဲ...ဘာဖြစ်လို့လဲ""

""ရှင်သေပြီမလား...ရှင်သေပြီဆို...ရှင်နှင်းအစစ်မဖြစ်နိုင်ဘူး...ရှင်က နှင်း မဟုတ်ဘူးး""...အဟင့်""

You've reached the end of published parts.

⏰ Last updated: Nov 06, 2023 ⏰

Add this story to your Library to get notified about new parts!

မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now