𝐒𝐄𝐕𝐄𝐍 32

2.4K 151 21
                                    

Unicode.......

"ဘာသတင်းထူးလဲ"

အုပ်နံရံတွေနှင့်သံတိုင်တွေထဲရောက်နေသည့် လူတစ်ယောက်ဟာ ဧည့်တွေ့ချိန်ရောက်ဖို့ရာမျှော်လင့်စောင့်စားနေသူသကဲ့သို့ အရှေ့ကသံတိုင်တွေခြားနေသော်ငြား ဖုန်းဖြင့်ဆက်သွယ်ခွင့်ရတာနဲ့မေးမြန်းတော့သည်။

"သူတို့အသိုင်းဝိုင်းကထွက်လာတဲ့သတင်းကတော့ ယောင်္ကျားလေးတစ်ယောက်နဲ့လက်ထပ်သွားတယ်လို့ ကောလဟာလတွေပြန့်နေတယ်ဆရာ"

"ယောင်္ကျားလေးတစ်ယောက်....."

ဟီနမ်းရဲ့စကားသံကိုသံယောင်လိုက်မိကာ ဂန်မင်ယောင်းတွေးနေမိရင်း ရုတ်တရက်ဆန်စွာအတွေးထဲဝင်လာသူကတစ်ခြားသူမဟုတ်ထယ်သာဖြစ်သည်၊သူတို့နောက်ဆုံးတွေ့ဖြစ်ကြ‌သည်က ဂျွန်ဂျောင်ကုဆိုတဲ့ကောင်ရဲ့ ရုံးခန်းထဲမှာအတူတူရှိနေကြလို့ပင်၊ သို့သော်ငြားဂန်မင်ယောင်းအတွေးထဲမှချက်ခြင်းဆိုသလို ရုန်းထွက်မိကာ။

ထယ်ကဘယ်လိုဖြစ်နိုင်မှာလဲ သူ့ကိုတောင်ပြစ်ပြစ်ခါခါငြင်းထုတ်ခဲ့တာကို၊

"အဲ့ယောင်္ကျားလေးအကြောင်းကိုစုံစမ်းရသလောက်စုံစမ်းခဲ့ ပြီးရင်ငါ့ကိုလာပြန်တွေ့"

"ဆရာကဒီထဲကနေမထွက်ဘူးလား"

"တရားရုံးကအမိန့်မချခင် အနောက်ပေါက်ကငါ့ကိုလာကူ ဂျိမ်းဂင်ဝူးဆီမှာလက်နက်ဝင်ယူခဲ့ အဲ့ဘက်က ထွက်ရင်အဆင်ပြေမယ်လို့ အချုပ်သားတွေပြောတာကြားခဲ့တယ်"

"ဟုတ်ကဲ့ပါဆရာ"

"ဧည့်တွေ့ချိန်ပြည့်ပြီ"

အနောက်မှထွက်လာသည့်အသံတို့နှင့် အချုပ်စောင့်နှစ်ယောက်ကအချိန်ပြည့်ပြီဆိုကာ သူ့အနောက်ကလာရပ်နေတာကြောင့် ဂန်မင်ယောင်းလက်ထဲကဖုန်းကိုမချခင်။

"ငါစိတ်ချမယ်"

"ဟုတ်ကဲ့ဆရာ"

အမိန့်ချမှတ်ဖို့ရာ ရမာန်ကြီးရမာန်လေးဟု၍ ရတိုင်းသူ့မှာထောင်မကျစေဖို့အရေး ရမာန်လေးကိုရအောင်ပိုက်ဆံတို့ဖြင့်လက်ထိုးရသည်၊ ဒါတောင်သူ့ကိုအခုလိုဖြစ်အောင်လုပ်ထားသည့် ဂျွန်ဂျောင်ကုဆိုတဲ့ကောင်ကရုံးလာမတက်လို့သာ သူထောင်မကျသေးတာဖြစ်သလို သူ့အရှေ့ကအမူ့သည်တွေကြောင့် သက်သေစာတမ်းစာရွက်နဲ့အတူ အထက်ကတရားသူကြီးရဲ့အမိန့်ဟာကျမလာသေးတာမို့ ဒီ၆လအတွင်းအချုပ်ထမင်းအချုပ်ဟင်းကိုသာစားနေရတာဖြစ်၏၊ သူ့ကိုကြိုးရှည်ရှည်နဲ့လှန်ထားသည့် ဂျွန်ဂျောင်ကုအကြောင်းကိုတွေးရင်း ဂန်မင်ယောင်းဟက်ခနဲ့ပင်ပြုံးလိုက်မိတော့သည်၊ အဆိပ့်ရှိတဲ့လူအချင်းချင်းကို သူလျော့တွက်ခဲ့မိတာမှားသွားသည်။

𝚂𝙴𝚅𝙴𝙽 {𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍}Tempat cerita menjadi hidup. Temukan sekarang