Part-22

1.5K 79 4
                                    

Unicode

ဒီနေ့ Taekookလေး ကျောင်းပိတ်ရက်ဖြစ်၍ Jungkookနဲ့Taehyungက Taekookကို ကစားကွင်းလိုက်ပို့ပေးကြသည်။

Jungkookက Taekookလေးပျော်အောင် သူပါ Taekookစီးတာမှန်သမျှ အကုန်လိုက်စီးပေးနေသည်။

Taehyungမှာတော့ သားအဖနှစ်ယောက်ကိုကြည့်ကာ ပျော်နေပင်မဲ့ Soyarကို ခေါင်းထဲရောက်လာတော့ အပျော်တွေပါပျောက်သွားသည်။

သူ့သားပျော်နေတာမြင်တော့ Soyarလေးလည်းပျော်ချင်ရှာမှာပဲလို့တွေးမိသည်။ ကလေးသဘာဝလွတ်လွတ်လပ်လပ်ဆော့ကစားပျော်ပါးကြရမှာဖြစ်ပင်မဲ့ Soyarကတော့ အရွယ်နဲ့မလိုက်
မိဘတွေရဲ့ မကောင်းမှု့ကြောင့် စိတ်ဒဏ်ရာရကာ အမြဲ တမှိုင်မှိုင်ထွေထွေဖြစ်နေရရှာသည်။

Taehyungလေပူတစ်ချက်ကိုမှုတ်ထုတ်လိုက်သည်။

"ဟူး...."

သားအဖနှစ်ယောက်ကတော့ ပြုံးပျော်ကာ စီးချင်တာတွေစီးပြီး Taehyungနားကို ပြန်လာကြသည်။

"ပါပါး..."

"ပါပါး သားလေး တော်တော်မှ ပျော်ခဲ့ရဲ့လား..."

"ဟုတ်ပါပါး သားသားအရမ်းပျော်တယ်..."

"ဟုတ်ပါပြီဗျာ....သားလေးပျော်တယ်ဆို ပါပါးကျေနပ်ပါတယ်..."

"Tae မောင်တို့ သားလေးကို တစ်ခုခု လိုက်ကျွေးရအောင် စောနက သားလေး ဗိုက်ဆာတယ်ပြောတယ်..."

"ဒါဆိုသွားကြမယ်လေ မောင်..."

ဖအေနှစ်ယောက်က Taekookလက်ကို တစ်ယောက်တစ်ဖက်ဆွဲကာ ကစားကွင်းထဲက ထွက်လာကြသည်။

ကစားကွင်းအဝင်အဝရောက်တော့ Jiminတို့နဲ့ သွားစုံကြသည်။

Jiminကလည်း Soyarလေး တမှိုင်မှိုင်တထွေထွေဖြစ်နေ၍ Soyarပျော်ရအောင် ကစားကွင်းလိုက်ပို့ပေးချင်းဖြစ်သည်။

"Soyarလေး ကစားကွင်းလာတာလား.."

"ဟုတ် ဦးဦးးTae...."

Jungkookကတော့ Soyarကိုမြင်တာနဲ့ တစ်ဖက်ကိုလှည့်သွားသည်။

"Taekookလေးရော ပျော်ခဲ့ရဲ့လား..."

Jiminကမေးတော့ Taekookကလည်းပြန်ဖြေသည်။

"ဟုတ် ဦးဦး...သားသား အရမ်းပျော်ခဲ့တယ်..."

သူ့အတွက်ဖြစ်တည်မှုWhere stories live. Discover now