Chapter (14)

645 131 4
                                    


စတင်ရောစပ်လိုက်ချိန်ကစပြီး လော့၀မ်ချန်၏ မျက်လုံးတွေက သူ့ရှေ့ကသောက်စရာတွေပေါ်မှာပဲရှိနေကာ သူ့ပတ်ဝန်းကျင်က အခြားအရာများကို ဂရုမစိုက်တော့ပေ။

ပါဝင်ပစ္စည်းများအားလုံးကို လောင်းထည့်ပြီးနောက် အဖုံးပိတ်ကာ shaker ကိုလက်တစ်ဖက်တည်းဖြင့် လှုပ်ယမ်းလိုက်သည်။ သူ့လှုပ်ရှားမှုများတွင် ဟိတ်ဟန်ထုတ်နေခြင်းများ မပါပေ။ သူသည် bartender အချို့ကဲ့သို့ ကျောဘက်သို့ ပို့ကာ ခြေထောက်ကြားမှာ ပြန်လှည့်ယူခြင်းမျိုး လုပ်မပြခဲ့။ သို့ငြား သူ့လက်ချောင်းများက စည်းချက်ကျကျဖြင့် တုန်ခါ‌နေကာ shakerထဲက ရေခဲတုံးများနှင့် ယမကာများ၏ အသံကို ကြည်လင်ပြတ်သားစွာ ကြားနေရလေသည်။

လူတိုင်းက အံ့အားသင့်ဖွယ် စည်းချက်ကို ငေးကြည့်နေကြစဥ် လော့၀မ်ချန်က shakerကို ရုတ်တရက် လွှတ်ချလိုက်ရာ လက်ထဲကနေ လွတ်သွားလုမတတ်ဖြစ်သွား၏။ သို့သော်လည်း နောက်အခိုက်အတန့်တွင် အလွန်ချောမွေ့သော ပြောင်းပြန်ရွေ့လျားမှုဖြင့် သူ့လက်ဖဝါးဆီသို့ ပြန်ရောက်လာခဲ့လေသည်။ သူ့လက်ချောင်းများဟာ နှုတ်ခမ်းနီတစ်ချောင်းကို ကိုင်ထားသည့်နှယ် လှပစွာ ကခုန်နေလျက်သား။

လော့၀မ်ချန် ထိန်းချုပ်ထားသည့် shakerသည် ဇောက်ထိုးဖြစ်လိုက်၊ ခုန်လိုက်၊ လှည့်လိုက်နှင့် လွတ်ကျတော့မယောင်ဖြစ်တိုင်း သူ့လက်ထဲ ပြန်ရောက်လာသည်မှာ မသိလျှင် ကြိုးတစ်ချောင်းနှင့် ပြန်ဆွဲထားသည့်နှယ်။

သူ့လှုပ်ရှားမှုတွေက အလွန်သေသပ်လှပကာ ရွေ့လျားနေသော တိမ်စိုင်နှယ်၊ စီးဆင်းနေသော ရေသဖွယ် ကြော့ရှင်းလှချေသည်။

ပြဿနာရှာကာ အမှားထောက်ချင်နေသည့်ကျောက်ကျန့်ဖဉ်နှင့် တခြားလူနှစ်ယောက်အပြင် အပျော်သဘော ကြည့်ဖို့စောင့်နေကြသည့် လူအုပ်ကပါ တဖြည်းဖြည်း စိတ်ဝင်တစား ဖြစ်လာကာ မူလက လှောင်ပြောင်ကြမည့် အပြုအမူတွေပင် ငြိမ်လာကြ၍ bartender နှစ်ယောက်က ပိုလို့တောင် ကြက်သေသေနေလေသည်။

လက်စသတ်တော့ shakerကို ဒီလိုမျိုးလည်း ရှိတ်လို့ရသေးတာလား?

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)Where stories live. Discover now