Ch 3 - မျောက်ကိုခြောက်ဖို့ ကြက်ကိုသတ်

88 15 0
                                    

Unicode

အဓိက အခန်း အထဲမှာ ဒုတိယမမလေးက ရွှေဆံထိုးကို ကိုင်ရင်း သူ့ကိုယ်ပေါ်ဘယ်နေရာမှာ ဖွက်ရမလဲ စဉ်းစားနေတယ် ။ အဲ့အချိန်မှာပဲ တံခါးက ရုတ်တရက် ကန်ကျောက်ကာ ဖွင့်ခံလိုက်ရပြီး အရာရှိနဲ့ စစ်သားတွေက အ‌ခန်းရှေ့မှာရပ်လျက်ရှိနေတယ်။ ခေါင်းဆောင်ဖြစ်သူက -
" အခန်းထဲက ရှိရှိ သမျှသူအားလုံး မင်းတို့ရဲ့ လက်ဝတ်ရတနာတွေနဲ့ အသုံးအဆောင်တွေ ကို ချွတ်ထားပြီး အ‌ရှေ့ခြံဝင်းထဲကို ချက်ချင်းလာစုပါ "

ဘေးခန်းထဲမှာရှိတဲ့ အစေခံတွေက ချက်ချင်းထိတ်လန့်စွာ‌ငိုကြွေးကြတယ် ။ ဒုတိယသခင်မလေးကိုယ်တိုင်တောင် ထိုခဏတာမှာ လန့်သွားပြီး သူမ လက်ထဲရှိ ရွှေဆံထိုးတောင် ပြုတ်ကျသွားသည်လေ။

ထိုစစ်သားရဲ့ အကြည့်က ရွှေဆံထိုးပေါ်ရောက်သွားပြီး အော်လိုက်တယ်

" ထွက်ခဲ့ မင်းတို့မှာ ရှိတဲ့ ကျောက်မြတ်နဲ့ အဝတ်တွေ အကုန်ထားပြီးထွက်ခဲ့ကြ "

ဘေးခန်းထဲက အစေခံတွေက ငိုယိုကာထွက်လာကြတယ်။ ဂူဖေးက ဒုတိယသခင်မလေးကို ထောင့်ဘက်သို့ဆွဲကာ ဝတ်ရုံလွှာကို ချွတ်ဖို့လုပ်လိုက်တယ်။
ဒုတိယသခင်မလေးက ကြောက်ရွံ့စွာ သူရင်ဘတ်ကိုလက်ယှက်ကာလိုက်တယ်။

" ဟင့်အင်း မင်းယူလို့မရဘူး ဒီမှာယောကျာ်းတွေရှိတယ်လေ "

ဂူဖေးက ခါးသီးစွာပြုံးလိုက်ပြီး " သခင်မ‌လေး
မင်းအဝတ်တွေကို ဖယ်လိုက်ပါ။ ငါတို့ ‌ခြံဝင်းထဲက အတွင်းဝတ်နဲ့ ပဲသွားရမယ်လို့ အမိန့်ရထားတယ်လေ " အပြင်ဘက်မှာ ဒီထက်ပိုများတဲ့ ယောကျာ်းတွေရှိလိမ့်မယ် ။

ဒုတိယသခင်မလေးက ထိုအရာကိုသိပြီးနောက် ချက်ချင်းဖြူဖျော့သွားတယ် ။ နောက်သူမ အဝတ်အစားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့တယ်။
ဂူဖေးက သူမကို တွန်းအားမပေးခဲ့ဘူး ။ ဒုတိယသခင်မလေး အနေနဲ့ စိတ် ပြင်ဆင်ဖို့အချိန်တစ်ချို့လိုပြီး နောက်သူမ ကိုယ်တိုင်ကလည်း ဝတ်ရုံချွတ်စရာမလိုဘူး ။ ဒဏ်ရာ တွေက နေ သက်သာခါစမလို့ သူမက နဂိုကတည်းက အတွင်းဝတ်အဖြူကိုသာ ဝတ်ထားပြီးသားဖြစ်နေတယ်လေ ။

ကံကောင်းတဲ့ ချစ်စရာမမလေး က လယ်စိုက်ဖို့လာပြီ !Where stories live. Discover now