Unicode
ယဲဖန်သည် သူ့ခေါင်းကို ဘယ်၊ညာ လှည့်ကြည့်နေရင်း စုံတွဲတစ်တွဲကိုတွေ့လိုက်ရပြီး ထိုအမျိုးသားနှင့် အမျိုးသမီးတို့သည်လဲ သူတို့အား ကြည့်နေကြလေသည်။
ခဏအကြာတွင် သူတို့ဟာ တိုက်ရိုက်လျှောက်လှမ်းလာခဲ့ကြ၏။
"ယွင်ရှီ နင်လဲ ဒီရောက်နေတာပဲ" ကျူးရွယ်ယင်းက ဆိုလာခဲ့သည်။
ပိုင်ယွင်ရှီသည် မျက်မှောင်ကြုတ်မိသွားလေ၏။ သူ့အကိုကြီးနှင့် မရီးတို့နှင့် ဝင်တိုးမိသည်မှာ တစ်ယောက်ယောက်နှင့် အိပ်ရာပေါ်တွင် အတူရှိနေတာကို ဖမ်းမိသွားသလိုမျိုး ဘာကြောင့်ခံစားနေရမှန်း မသိတော့ပေ။
ထို့နောက် ကျူးရွယ်ယင်းက ယဲဖန်အား ခေါင်းငြိမ့်ပြလိုက်ပြီး "သခင်လေးယဲ မတွေ့ရတာကြာပြီနော်"
ယဲဖန်လဲ သူမအား ခေါင်းပြန်ငြိမ့်ပြလိုက်ကာ "မတွေ့ရတာကြာပြီနော်။ မင်းတို့လဲ ဒီမှာ လာစားကြတာလား"
ကျူးရွယ်ယင်း "ဟုတ်တယ်လေ"
"အား မင်းတို့ နောက်ကျလွန်းနေပြီ။ ထိုင်ခုံမရှိတော့မှာကိုပဲ ငါစိုးရိမ်မိတယ်။ ကျွန်တော်တို့ စားပွဲတစ်ခုတည်း ထိုင်လိုက်ကြရင်ကော ဘယ်လိုလဲ" ယဲဖန် အကြံပြုလိုက်လေသည်။
ပိုင်ယွင်ရှီက မျက်မှောင်ကြုတ်ရင်း တစ်ခုခုပြောခါနီးတွင် ပိုင်ယွင်ကျင်းက သဘောတူပြီးသွားလေပြီ "ကောင်းတာပေါ့။ ငါတို့တွေ အရမ်းနောက်ကျနေတာမို့ စားပွဲမရတော့မှာကို စိုးရိမ်နေခဲ့တာ"
ပိုင်ယွင်ရှီက မျက်လုံးလှိမ့်ပြလိုက်ကာ တွေးနေမိလေသည် 'လုပ်စမ်းပါ၊ မင်း ဒီမှာ မင်းရဲ့ အထူးသီးသန့်ခန်းရှိတယ်လေ'
"သခင်လေးယဲ အခု မင်းဘာတွေလုပ်နေလဲ" ပိုင်ယွင်ကျင်းက မေးလိုက်သည်။
"ကျွန်တော်လား။ ကျွန်တော့်မှာ လုပ်စရာအလုပ်မရှိဘူး။ မကြာသေးခင်က ယွင်ရှီက အလုပ်ရှာခွင့်မပြုဘဲ သူ့ရဲ့ အပျော်လင် လုပ်ဖို့ တောင်းဆိုထားတာ။ မင်းလဲ သိပါတယ် ကျွန်တော်က မလုပ်ချင်ပေမဲ့ သူက အတင်းအကျပ်တိုက်တွန်းနေတော့တာပဲလေ" ယဲဖန်က ဝမ်းနည်းစွာ ဆိုလာခဲ့သည်။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...