ဘာလိုလိုနဲ့ တက္ကသိုလ်ပြန်ဖွင့်နေပြီဖြစ်သည်။ အလုပ်ကလည်း driverလူကြီးပြန်ဝင်တာကြောင့် လုပ်ပေးစရာမလိုတော့ပေ။
အလုပ်လုပ်လို့ ရတဲ့ ပိုက်ဆံကိုလည်းစုထားသည်။ ထောက်ပံ့ကြေးကလည်းလစဥ်ရသည်။ နဂိုကတည်းက စုထားတာလည်းရှိသည်။ တေဇာအတွက် ဖူလုံသည်။ ကွာရှင်းတုန်းက ရတဲ့ ဝေစုတွေကတော့ bankထဲမှာသာရှိသည် မသုံးဖြစ်ပါ။
တေဇာ တက္ကသိုလ်ကျောင်းသားပြန်ဖြစ်သွားသည်။ ညဘက်တွေဆိုအားရင် Minjunနဲ့ barသွားသည်။ Davidနဲ့လည်း လုံးဝရင်းနှီးနေပြီဖြစ်သည်။ အားတဲ့ရက်တွေ gymသွားကြသည်။ ညဘက်တွေဆို barမှာကြ သည်။
ဆော်ကိစ္စက အမြဲတမ်းတော့ မဟုတ်ပေမဲ့ တစ်ခါတစ်ခါ လာငြိရင်တော့ စိတ်ပါရင် စီးမျောပေးလိုက်သည်။
lucy ကလည်း တေဇာကို အမြဲလိုလိုကပ်နေတတ်သော်လည်း တေဇာကတော့ စိတ်ဝင်စားတဲ့အရိပ်အယောက်နည်းနည်းမျှမရှိ။ ထိုကောင်မလေးနဲ့လည်း ရံဖန်ရံခါ ငြိထားတာရှိပေမဲ့ တေဇာနဲ့သူမရဲ့ ဆက်ဆံရေးက ပုံမှန်ပါ။
"Taye!! "
ခေါ်သံနဲ့ အတူ Professor Jade က လမ်းလျှောက်နေတဲ့တေဇာ အနားရောက်လာသည်။
"Professor-jade ! ဘာများကိစ္စရှိလို့လဲ"
"ဟင်းး!! ဘာရယ်လို့တော့ မဟုတ်ပါဘူး ကျွန်မတို့ နှစ်ယောက်က မတွေ့တာကြာနေပြီလေ၊ ရှင်ကလေ အနေဝေးတာနဲ့ မေ့ပြစ်တတ်လိုက်တာများနော်"
ပြောရင်းတေဇာရဲ့ ရင်အုပ်ကို ပွတ်သပ်၍ ပြောလာသည်။
တေဇာ ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်ရင်း
"Professor သူများတွေရှိနေတယ် အနေအထိုင် ဆင်ခြင်ရင်ကောင်းမယ် ထင်တယ်"
"ဟင်းဟင်းး ထားပါ။ Andrew က ရှင်တို့ထပ်ထားတဲ့ စာရွက်တွေ လာယူပါတဲ့၊ အဲ့ ဒါ ရှင့်ကိုတွေ့တာ နဲ့ တစ်ခါထဲ လာပြောတာ။"
"ကောင်းပါပြီ သွားလိုက်ပါ့မယ်၊ ဒါနဲ့ ရှင် အရမ်းစိမ်းကားတာပဲနော်၊ မသိရင် ကျွန်မတို့က ဘာမှ မ ပတ်သက်ထားသလိုပဲ"
"Professor!!"
"အင်းပါ၊ ရှင်အဆင်မပြေရင် မပြောတော့ဘူး၊ ကျွန်မ ရှင့်ကို အရမ်း လိုအပ်တောင့်တနေတယ် Taye!!သွားပြီ"
ŞİMDİ OKUDUĞUN
Bad Guy (လူဆိုး)
Kısa Hikaye🔞🔞🔞 warning sex!! you can cancel if you don't like it.This is only for the guys who have sensitive desire in sex.🔞🔞