Chapter 11

453 18 2
                                    

Unicode

သူရိန်နေမင်းကြီးက အနောက်ကျွန်းမှာ မေးတင်ပြီးလက်ပြနှုတ်ဆက်ချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံးကို အမှောင်ထုက ဝါးမျိုလာပြီဖြစ်သည်...
ထို့ကြောင့် မီးခလုတ်ကို ဖွင့်လိုက်သည်...သို့သော်
လျှပ်စစ်မီးက ပွင့်မလာချေ...ထိုအချိန်တွင် ကြား
လိုက်ရသော အောက်ထပ်မှ သေနတ်သံ...
ကုတင်အောက်ဘက်ရှိ လျို့ဝှက်အံ့ဆွဲထဲမှ
သေနတ် နှစ်လက်ကို ထုတ်ယူကာ တံခါးပေါက်ကိုမြင်နေရသည့် နံရံနားတွင် ကပ်ကာ အကာ
အကွယ်ယူနေလိုက်သည်....သူ့ ကိုယ်ရံတော်များ ကို ဖြတ်ကျော်၍ လာရအုံးမည်မို့ တော်တော်နှင့်တော့မရောက်နိုင်သေး...ကိုယ်ရံတော် အရေ
အတွက်ကလည်း အယောက် 100ကျော်ရှိသည်ကို...
အသက်အရွယ်က ကြီးနေပြီဖြစ်ပေမဲ့ နေ့စဉ်မပြတ်အားကစားလုပ်သည့် အကျိုးရလဒ်က တောင့်တင်းခိုင်မာလှသော ခန္ဓာကိုယ်အား ကြည့်ရုံဖြင့် သိနိုင်သည့်အနေအထား...
ယခုအချိန်တွင် ဆေးရုံမှာရှိနေသည်ဟု လူတိုင်းသိနေသည့် ဦးမင်းအာဏာ က တကယ်တော့ villaတစ်ခုတွင်ရှိနေခြင်း...သူဒီမှာ ရှိနေခြင်းကို သိနေကတည်းက ရန်သူဟာ လျှော့တွက်လို့တော့မရပေ...
ထိုအချိန်တွင် အခန်းဘက်ကို လျှောက်လှမ်းလာ
သည့်  ခြေသံတစ်ခု....သတိကြီးစွာ ငြင်သာစွာလှမ်းလာခြင်းမျိုးမဟုတ်ပေ...လှောင်အိမ်ထဲတွင်ဖမ်းထားသော သားကောင်အား အချိန်မရွေးသတ်ဖြတ်နိုင်သည့် မုဆိုး ပုံစံမျိုးဖြင့် လျှောက်လှမ်းလာခြင်း...
ဦးမင်းအာဏာ မျက်မှောင်ကျုံ့ကာ တံခါးကိုကြည့်မိသည် ...ဝင်လာသည်နှင့် တစ်ခါတည်း အသေသတ်ပစ်မည်ဟု ကျုံးဝါးလျှက်....
~~ကျွီ ~~
ဒိုင်း!!! ဒိုင်း!!!ဒိုင်း!!!
အခန်းတံခါးဖွင့်,ဖွင့်ချင်း နှစ်ဦးနှစ်ဖက် စလုံးက
ပစ်ခတ်မှုက villa အတွင်းကျယ်လောင်စွာ ဟိန်း
ထွက်လာသည်...သူ့ အကာအကွယ်ယူထားသော
ဘေးဘက်သို့ လဲကျလာသော ကိုယ်ရံတော်ခေါင်းဆောင်...သူ့ဘက်ကလူပင်...
ထိုအချိန်တွင် လျှပ်စစ်မီးက ပြန်ပွင့်လာပေပြီ...
" မတွေ့ရတဲ့ နှစ်တွေ အတောအတွင်း အကြောက်
ကြီးလာပုံပဲ...အဟက်!! "
လှောင်ထေ့ထေ့ ရယ်သံက သူ့နားထံကန့်လန်ဆန်
စွာ ဝင်လာ၏...
နံရံအကာအကွယ်က ထွက်ကြည့်လိုက်တော့
ဆိုဖာပေါ်၌သူ့အိမ်သူ့ယာကဲသို့ ထိုင်နေသော
လူငယ်တစ်ဦး... သူမုန်းတီးလွန်းသော မျက်နှာကျပုံစံနှင့်တစ်ထေရာတည်း ပွားထားသည့်အတိုင်း...
သူ့ဘက်က သေနတ်နှင့် ချိန်ထားပေမဲ့ ထိတ်လန့်
ဟန် တစ်စက်မရှိ...
" 18နှစ် အတောအတွင်း တော်တော်ကြိုးစားခဲ့ရမှာပဲ... ငါ့ကို တိုက်ခိုက်ဖို့အတွက် "
သူ့၏ ပြောလိုက်သည့်စကားက ထိုလူငယ်အား
တိုက်ရိုက်ထိသွားပုံရ၏... မျက်ဝန်းတွေကချက်ချင်းစူးရဲသွားကာ သူ့ခန္ဓာကိုယ်ပေါ်ကျရောက်လာသောအနီစက်...တစ်ဖက်villa၌ရှိသောစနိုက်ပါသမားအားချိန်ထားခိုင်းလိုက်ပုံ...
ခပ်ဟဟသာ တစ်ချက်ရယ်ပြီး မျက်နှာချင်းဆိုင်
ဆိုဖာမှာ ဝင်ထိုင်လိုက်သည်...
ဦးမင်းအာဏာ ဟာ တစ်နေ့မှာ ဒီလိုနေ့မျိုး ရောက်လာမည်ကို ကြိုတင် တွက်ဆထားပြီး ဖြစ်သည်...
Villa တစ်ခုလုံးကို စဆောက်ကတည်းက မြုပ်မိုင်းတွေကို ထည့်ကာ ဆောက်လုပ်ထားခြင်း...
သူသာ ခလုတ်တစ်ချက်နိုပ်လိုက်သည်နှင့် အစအနပင်မကျန်အောင်ပေါက်ကွဲသွားမှာ ဖြစ်၏....
သူသေရင်တောင် အားလုံးကို ငရဲကို ပါအောင်ဆွဲ
ခေါ်သွားမှာ....
နောက်တစ်ချက်က မှန်နံရံများ ဟာ ကျည်မဖောက်နိုင်ပေ...ကျည်ကာမှန်များကို နှစ်ထပ်သုံးထားခြင်းကြောင့်....
ဦးမင်းအာဏာ သတိနှင့်ကြည့်နေရင်း သေနတ်
ဖြင့်တစ်ဖက်လူအား ပစ်ဖို့လုပ်လိုက်သည်....
တစ်ဖက်မှလည်း အတွေးတူနေပုံရကာ သေနတ်
နှင့် ပစ်ဖို့လုပ်တာကြောင့် သူ့ကန်ချက်ဖြင့် အဝေးသို့ လွင့်စေလိုက်သည်...ထိုအချိန်တွင် သူ့သေနတ်လည်း အဝေးသို့ လွင့်သွားလေပြီ...
နယ်မြေအရှင် သဘောကျသလို တစ်ချက်ပြုံးလိုက်သည်...ရန်သူက အားနည်းနေရင်တောင် အနိုင်ကျင့်သလို ဖြစ်နေအုံးမှာ....သူနှင့်တောင်ယှဉ်တိုက်နိုင်မှတော့ အားမနည်းဘူးထင်ရတာပဲ....
နယ်မြေအရှင် ခန္ဓာကိုယ်အား တစ်ပတ်လှည့်ကာ
အားကုန်သုံး ကန်လိုက်၏...ဦးမင်းအာဏာ ၏ ရင်ဘတ်အား အနည်းငယ်သာထိသွားသည်...
ရှောင်တိမ်းမှုမြန်ဆန်ခြင်းကြောင့်...
ဦးမင်းအာဏာ လည်း တိုက်ခိုက်မှုကိုရှောင်တိမ်း
ရင်း နံရံအတွင်းမြုပ်ထားသော ဓားမြှောင်အား
ထုတ်ယူလိုက်၏...
နယ်မြေအရှင် ၏ ရင်ဘတ်အားထိုးစိုက်ဖို့ လုပ်
လိုက်သော်လည်း လက်မောင်းကိုသာ ရှပ်ထိသွား
၏...ဓားမြှောင်အား ဆုပ်ကိုင်ထားသော ဦးမင်းအာဏာ ၏ လက်များအား အားကုန်သုံး ထိုးချ
လိုက်လျှင် အခြားလက်တစ်ဖက်က သူ၏ လည်
မျိုအား ဆုပ်ကိုင်လာပေ၏...နယ်မြေအရှင် ၏
လည်ပင်းအား ထိုးစိုက်ဖို့ လုပ်သော ဓားမြှောင်အား ဦးမင်းအာဏာ ဘက်သို့ရောက်စေကာ အားကုန်သုံးလိုက်လျှင် ထိုသူ၏ ဘေးဘက် နံရံအားစိုက်ဝင်သွားလေ၏...
နှစ်ဦးသား လုံးထွေးသတ်ပုတ်ရင်း လွင့်စင်သွား
သော သေနတ်နားသို့ရောက်သွား၏...
ဦးမင်းအာဏာ သေနတ်ကို မိမိရရဆုပ်ကိုင်မိလျှင်တစ်ဖက်အား ပစ်လိုက်သည်...နီးကပ်နေ
သည့်အတွက် သေချာရှောင်လို့မရဘဲ နယ်မြေအရှင် ၏ဘယ်ဘက်ပေါင်အား ထိမှန်သွား၏....
ဒိုင်း! ဒိုင်း!
နောက်တစ်ချက်ပစ်လိုက်ပေမဲ့ မျက်နှာကျက်ရှိ မီးဆိုင်းများကိုသာ ထိမှန်သွား၏....
ဝုန်း!!!
မျက်နှာကျက်ရှိ မီးဆိုင်းများပြိုကျလာပြီး သူတို့နှစ်ယောက် အား လူကွဲသွားစေလေသည်...လွင့်သွားသော သေနတ်ဘက်သို့ ရောက်ရှိသွားသည်မို့
သေနတ်အား အလျင်အမြန် ကောက်ယူကာ ဦး
မင်းအာဏာ ၏ ရင်ဘတ်တည့်တည့်အား ပစ်ချ
လိုက်သည်... လှုပ်ရှားမှုက မြန်ဆန်လွန်းလှသည်
မှာ လျှပ်တစ်ပျက်ဆန်စွာပင်....
ဒိုင်း! ဒိုင်း!
နယ်မြေအရှင် ၏ ပုခုံးအား တစ်ချက်ထိမှန်သော်
လည်း ဦးမင်းအာဏာ ၏ နဖူးအလယ်တည့်တည့်
သို့ တစ်ချက်ပစ်သွင်းနိုင်ခဲ့ပေ၏...
ဝုန်း!!!!!
အောက်ထပ်မှ တစ်ဝုန်းဝုန်း ပြိုလဲသံများ ပေါက်ကွဲသံများကြောင့် အခန်းတွင်းမှ အရင်ထွက်လိုက်သည်...စင်္ကြလမ်းတစ်လျှောက်ကို ကျော်ဖြတ်ပြီးသူလာခဲ့သည့် မျက်နှာကျက်အား အပေါက်ဖောက်ထားသည့် နေရာသို့ရောက်လာလေပြီ...ပုခုံးနှင့်ပေါင်အား ထိမှန်ထားသော နာကျင်မှုကြောင့် အနည်းငယ် ဖူးယောင်နေသော မျက်နှာဟာ ခပ်တင်းတင်းပင်...အပေါ်ရှိ သူ့ညာလက်ရုံး၏ ဆွဲတင်ပေးခြင်းကြောင့် အပေါ်သ်ို့ရောက်သည်နှင့် ရဟတ်ယာဉ်အား မောင်းထွက်စေလိုက်တော့သည်...
နယ်မြေအရှင် စီးနှင်းလိုက်ပါသော ရဟတ်ယာဉ်
သည် Villa နှင့် 12ပေအကွာသို့ ရောက်သည်နှင့်
အောက်ဘက်ရှိ Villa သည် တစ်စစီ ပြိုကျ ပျက်စီးသွားလေသည်....

Only One Limited Edition (Completed )Where stories live. Discover now