8

187 25 1
                                    

Unicode

၁၉၆၀ ခုနှစ် ကျွန်းပေါ်၌ သားပေါက်လေးများအား ပြုစုပျိုးထောင်ခြင်း

အပိုင်း ၈

                      
နေ့လည်စာစားပြီး ချူယောင်း အားပြန်ရှိလာသဖြင့် အလုပ်နည်းနည်း ကူလုပ်ပြီး အိမ်ပြန်လိုက်သည်။

                           
ရွှံ့အိမ်ဖြစ်သော်လည်း အိမ်ရှေ့တံခါးမကြီးမှအစား ဘေးအပြင်မှ ဝင်လို့ရရန် ကျီနန်ဖုန်း ဆောက်ထားသဖြင့် အဆင်ပြေသည်။  ချူယောင်း အားအနည်းငယ်သာကျန်တော့၍ အိမ်ရာပေါ်တွင်လှဲအိပ်ချင်နေပြီဖြစ်သည်။ သူမတံခါးကိုတင်းတင်းပိတ်ပြီး ထိုင်ခုံနှင့်ပါ ပိတ်ထားလိုက်သည်။
                               

ချူယောင်း မှောင်သည်အထိ အိပ်ပျော်သွားသည်။  ခြံအပြင်မှ အသံများကြား၍ နိုးသွားသည်။
                             
                  
"သူမက ဘာလုပ်နေတာလဲ?"ကျီအမေ ချူယောင်းအခန်းကိုကြည့်ရင်း ပြောလိုက်သည်။ 

                   
"အမေ၊ သူမ အိပ်ပျော်နေတာနေမယ်၊ သူမကို ရန်သွားမစနဲ့ဦး" ကျီလင်း ချူယောင်းဒီနေ့ကြမ်းတမ်းမှုကိုမြင်၍ သူမ‌အနေနှင့် ဒီရဲတင်းသောမိန်းမကို ရန်မစသင့်ကြောင်း ခံစားမိသည်။

                    
"လင်းလင်း ပြောတာမှန်တယ်။ သူမကို အဖတ်လုပ်ပြီး ရန်သွားရှာမနေနဲ့ " ကျီအဖေ စွပ်ပြုတ် တစ်ငုံသောက်ရင်း ပြောလိုက်သည်။  သူ သူမကို ယွမ်၁၀၀ ထုတ်ပေးလိုက်ရသည့်အတွက် အခဲမကျေသေးသလို ခံစားနေရသေးသည်‌။

                          
ကျီအမေ ပါးစပ်ပိတ်သွားပေမယ့် ချူယောင်းကို ဒီတိုင်းလွှတ်မထားချင်ပါ။ သူမသားအကြီးဆုံးနှင့် ချွေးမမှာ အိပ်ရာထဲတွင် လဲနေပြီး နာလွန်း၍အော်နေသည်။  အသက်ရှူရသည်လည်း အဆင်မပြေသလို စားရသည်လည်း မပြေပါ။  သို့သော် ကျီအမေ ကျီအဖေကို မပြောရဲပါ။

                                 
ချူယောင်း ပြောသည်များကိုကြားပြီး မျက်လုံးဖွင့်ကြည့်ပြီးနောက် ပြန်မှိတ်ပြီး တဖက်သို့စောင်းကာ ထပ်အိပ်လိုက်သည်။ ညသန်းခေါင်၌ ချူယောင်းအလွန်ဆာ‌လောင်လွန်း၍ နိုးလာသည်။ သူမတစ်ကိုယ်လုံး ညောင်းညာနေသည်။  သူမ မနက်ဖြန် သေချာပေါက် ဆေးရုံသွားရမည့်ပုံပေါ်သည်။  သူမတစ်ကိုယ်လုံးဒဏ်ရာများနှင့် ဖူးရောင်နေသည်။

၁၉၆၀ ခုနှစ် ကျွန်းပေါ်၌ သားပေါက်လေးများအား ပြုစုပျိုးထောင်ခြင်း (ဘာသာပြန်)Where stories live. Discover now