( Uni )
ဝေရည်၏ မနက်ခင်းကား သာမာန်လိုမဟုတ်။ ထူးထူးဆန်းဆန်း မနက်ပိုင်း ပြင်ကြဆင်ကြနှင့်အလုပ်ရှုပ်နေသည်။ ဝေရည်လည်း နောက်ဖေးမီးဖိုချောင်တွင် အမေ့ ကို ကူရင်း သားအမိနှစ်ယောက်တည်းတင် အုတ်အုတ်ကျက်ကျက် ဖြစ်နေကြသည်။ဒေါ်သီတာမှာကား မနက်အစောကြီးထကာ သူ့ ယောင်္ကျား ဖြစ်သော ဝေရည်၏ အဖေ ပြန်လာမည် ဆိုသောကြောင့် သူကြိုက်တတ်သော ဟင်းများပြင်ဆင်ထားသည်။ ဝေရည်၏ အဖေသည် သင်္ဘောတက်သောသူဖြစ်သောကြောင့် အိမ်သို့ မကြာမကြာ ရောက်လာနိုင်သူမဟုတ်။ အချိန်အတော်ကြာမှသာ ပြန်လာနိုင်သည်။ သို့ပေမယ့်လည်း ခနအကြာတွင် ပြန်ထွက်သွားရပြန်လေသည်။
ဒေါ်သီတာသည် ထမင်းဝိုင်းကို ပုံမှန်နှင့်မတူအောင် အထူးပြင်ဆင်ထားလေသည်။ စားပွဲရှည်တစ်လုံးကို ခင်းကာ ၀ယ်ထားတာ သိပ်မကြာသေးသော စားပွဲခင်းအသစ်ကို ခင်းကာ ဟင်းများကို အကျအနခင်းထားလေသည်။
ထိုအချိန်တွင် တံခါးဘဲလ် အသံကိုကြားရသည်။ ဝေရည်တစ်ယောက် နောက်ဖေးမှ အိမ်ရှေ့သို့ အပြေးကလေးလာကာ တံခါးလာဖွင့်သည်။
“အဖေ…….”
“ဟာ သမီးလေး ဝေရည်….”
“လာလာ အဖေ အမေကလေ အဖေစားဖို့အတွက် မနက်အစောကြီး ထပြီး ပြင်ဆင်ထားတာ….”
ဝေရည် အိမ်ရှေ့တံခါးမှ ဧည့်ခန်းထဲသို့ ၀င်လာရင်း ပြောလေသည်။
“ဟုတ်လား….ဒါနဲ့ သမီးမေမေကော….”
“အိမ် နောက် ဖေး မှာ….”
စကားကို တစ်လုံးချင်း ချစ်စရာကောင်းအောင်ပြောလေသည်။
ထိုအခါ ဝေရည်၏ အဖေသည် လက်ထဲမှ ပါလာသော အထုပ်များကိုပေးလေသည်။
“သမီးဖို့…..”
“ဟီး အဲ့ကြောင့် အဖေကိုပိုချစ်တာ…”
“အမေလေး….ရှင်တို့င်များနော် ကိုယ့်မိန်းမထက် သမီးကို ပိုချစ်ရတယ်လို့…..မပြောချင်ပါဘူး…”
ဒေါ်သီတာသည် ရုတ်တရက် နောက်ဖေးမှထွက်လာကာ အရွဲ့တိုက်၍ပြောလေသည်။
YOU ARE READING
Love Affair ချစ်ရေးချစ်ရာ ( Uni+Zawgyi )
Romanceတစ်ခါ ချစ်မိပြီဆိုမှတော့ တစ်သက်လုံး ပိုင်ဆိုင်ချင်တာပေါ့။