အပိုင်း(၉၅)

106 15 0
                                    

ယွမ်ကျိုး အပိုင်း(၉၅)

"၂၆၈ယွမ်" ယွမ်ကျိုးက ခေါက်ဆွဲပြုတ် ဈေးနှုန်းနှင့် တူညီသော ဈေးနှုန်းကို ပြောသည်။

“သူဌေးယွမ်။ ဒီအသေးအမွှား ကြင်နာမှုလေးက အရမ်းကုန်ကျစရိတ်များပါလား။ ခေါက်ဆွဲပြုတ်ဈေးနှုန်းနဲ့ အတူတူပဲ" ဝူမင် ငိုချင်လာသည်။

“ဟင့်အင်း၊ ဒါက ခေါက်ဆွဲပြုတ် ဈေးနှုန်းပဲ" ယွမ်ကျိုး ဖြေရှင်းချက်ပေးခြင်းက ရှားရှားပါးပါး ဖြစ်သည်။

"ဒါဆိုရင် သဘက်ရဲ့ဈေးနှုန်းက ဘယ်လောက်လဲ"

“ဒါက အလကားပါ" ယွမ်ကျိုးက မျက်မှောင်ကြုတ်ပြီး ရှင်းရှင်းလင်းလင်း ဖြေရှင်းချက်ပေးသည်။ သူ့စကားကို နားမလည်နိုင်သော ကောင်လေးကို ကြည့်ကာ သူ့မျက်ဝန်းတွင် စက်ဆုပ်သော ခံစားချက်များ သိသာ ထင်ရှားလာသည်။

“ခင်ဗျား နောက်ပြောင်နေတာလား။ ခင်ဗျားဆိုင်က အလကားပေးတာ ရှိလို့လား" ဝူမင်က သူ့ကို လုံးဝ မယုံကြည်ပေ။  ယွမ်ကျိုး၏ သူတော်ကောင်းယောင် ဟန်ဆောင်သော အပြုအမူကြောင့် မိုးသည်းထန်စွာ ရွာသွန်းသည်ဟုပင် ဝူမင် ခံစားမိသည်။

“ဟုတ်တယ်။ ရှိတယ်" ယွမ်ကျိုးက စိတ်အားထက်သန်စွာ စကားပြောသည်။

“သူဌေးယွမ်က တကယ်ကို ကြင်နာတတ်တာပဲ"
ဘေးဘက်မှာ ထိုင်နေသော
ဝူဟိုင်းက စိတ်အားထက်သန်စွာ ပြောသည်။

"ဒါဆိုရင် တကယ်လား။ ကောင်းတာပေါ့။ ဒီသဘက်လေးကို သုံးတော့မယ်"
ဝူမင်က အံ့ဩသောအကြည့်ကို ဖော်ပြသည်။ မည်သို့ပင်ဆိုစေကာမူ သူက သူဌေးယွမ်၏ငွေမက်‌သော အကျင့်စရိုက်ကို အတော်ကလေး အထင်ကြီး လေးစားမိသည်။ သာဓကဆိုသော် စွပ်ပြုတ်အပို တစ်ခွက် နှင့် ကြက်သွန် နှစ်မြွှာကို ၄၀ယွမ် အပိုဆောင်း တောင်းခံသေးသည်။

ခေါက်ဆွဲပြုတ်အတွက် ကျသင့်ငွေကို ပေးဆောင်ပြီးနောက် သူက ဖုန်းကို ချက်ချင်းထုတ်လိုက်သည်။ သူ့တစ်ကိုယ်လုံးက မိုးရေကြောင့် စိုစွတ်နေသည့်တိုင် ဖုန်းကို ရေမစိုအောင် အကောင်းဆုံးကာကွယ်ပေးထားသည်။

ဖုန်းကို ဖွင့်လိုက်ပြီး WeChat မှာ သူ့သူငယ်ချင်းများကို တင်ထားသော ပို့စ်ကို ဖတ်ရှုပြီးနောက် သူ့ကိုယ်ပိုင် ခံစားချက် ပို့စ်တင်ရန် ဆုံးဖြတ်လိုက်သည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now