Young Royals [[Zawgyi]]

157 3 0
                                    

Series Name - Young Royals (Netflix Origin)
Total Episode - 6 (Season-1)
Genres - Drama, LGBT, Teen, Romance

ဒီတစ်ခါတော့ Series Time ပါခင်ဗျာ။
လတ်တလောကမှ စိတ်ခဏအနားပေးရင်း ဇာတ်လမ်းတစ်ခုလောက်ကြည့်ဖို့လိုက်ရှာတော့ ကြည့်ဖြစ်သွားတဲ့ Young Royals ဆိုတဲ့ Netflix Series အကြောင်း နည်းနည်းလေပေါချင်ပါတယ်။ ဒါလေးက Sewdish Teen Dramaလေးပါ။ အဓိကဇာတ်ကောင်၂ယောက်ကတော့ Prince Wilhelm အဖြစ်နဲ့ Edvin Ryding ရယ် Simon အဖြစ် Omar Rudbergတို့က ပါဝင်ပေးထားပါတယ်။ နည်းနည်းဝေဖန်လေကန်ရရင်တော့ ဇာတ်ဆောင်တွေရဲ့Visualက လူအများစုသတ်မှတ်ကြတဲ့စံထဲမှာတော့ မပါလောက်ဘူးထင်တာပဲ။ ကျွန်တော်ကတော့ သဘောကျတယ်။ ပြီးတော့ Teen Dramaဆိုတဲ့အတိုင်း တကယ်Teenage lifeကို ခံစားလို့ရတယ်။ သရုပ်ဆောင်တာတွေကလည်း တကယ်မဆိုးဘူး။ Omarဆို ဒါ သူ့debut series။(အဆိုတော်ဆိုတဲ့အတိုင်း အသံကတော့ ရှယ်) Edvin ကတော့ ကလေးသရုပ်ဆောင်ကနေ တက်လာတာဆိုတော့ အတွေ့အကြုံရှိပြီးသား။

ဇာတ်ကြောင်းဆီ ဆက်သွားကြပါမယ်ခင်ဗျာ🙋‍♂️

ဒါက ဆွီဒင်နိုင်ငံရဲ့ မင်းသားငယ်ဖြစ်တဲ့ Prince Willie ရဲ့ဇာတ်ကြောင်းပါ။ ဒီတော်ဝင်မင်းသားလေးက သာမန်ဘဝကိုပဲ အလိုရှိတဲ့သူတစ်ဉီးဖြစ်တယ်။ တစ်နေ့ ဆရာလေးမွှေလိုက်တဲ့ ပြဿနာတစ်ခုကြောင့် အကုန်အုံးအုံးကျွပ်ကျွပ်လည်း ဖြစ်ပြီးသွားရော သူ့အိမ်က သူ့အစ်ကိုတက်ခဲ့ဖူးတဲ့ ဘော်ဒါဆောင်ကို ပို့ဖို့ ဆုံးဖြတ်လိုက်ပါလေရောလားဗျာ။ အဲ့မှာပဲ Simon ဆိုတဲ့ ကောင်လေးနဲ့ သွားညှိမိပြီး အချစ်ဇာတ်လမ်းတစ်ပိုင်းတစ်စပေါ်ပေါက်လာပါတော့တယ်။ Woooooo but wait အရာအားလုံးက ဘယ်နှယ့်လုပ် ချောမွေ့နေပါ့မလဲဗျာ Guys can u imagine တကယ်လို့ ကိုယ့်ရဲ့အစ်ကိုကြီးက ရုတ်တရက်မတော်တဆလူ့လောကကို တာ့တာပြပြီး သူဉီးဆောင်လက်စ အရာအားလုံးက ကိုယ့်ခေါင်းပေါ်ကျလာခဲ့ရင် ဘယ်လိုတြွေဖစ်ကုန်မလဲ? ပြီးတော့ သာမန်မိသားစုကလည်း မဟုတ်သေးဘူး။ တော်ဝင်မိသားစုထဲမှာ မွေးဖွားလာရတဲ့သူ။ ဟုတ်ပါတယ်။ သူတို့တော်ဝင်မိသားစုရဲ့တာဝန်တွေ အားလုံးဟာ ဒီမင်းသားငယ်ပေါ်ကျရောက်လာပါတော့တယ်။ အဲ့တော့ လွတ်လပ်မှုတွေ သာမန်အရာတွေကို မြတ်နိုးတဲ့ ဒီမင်းသားငယ်လေးက အချစ်နဲ့တာဝန်ဝတ္တရားကြား ဘာကိုများရွေးမယ်ထင်လဲ? ကြားထဲမှာ မုန်တိုင်းတစ်ချို့ပါသေးတယ်။ မပြောတော့ဘူး။ ကိုယ့်ဘာသာဆက်ကြည့်ကြပါ။

rating က 8 out of 10 ပေးတယ်ဗျာ။

rating က 8 out of 10 ပေးတယ်ဗျာ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Warning: Spoiler Alert !Where stories live. Discover now