နှလုံးသားနှင့်ပျိုးထောင်ခဲ့သော [[Unicode]]

707 11 6
                                    

Original Novel Title - Jiang Xin
Author - Mao Huo
Myanmar Translator - Shang_Sui
Status - Completed
Total Chapter - 57 + Extras

အများစုကတော့ဖတ်ပြီးသွားကြလောက်ပါပြီ။ကျွန်တော်လည်း မရေးဘဲမနေနိုင်တော့လို့ပါ။

လူတစ်ယောက်ကိုပျိုးထောင်ရပြီး အတောင်စုံလာတာကိုကြည့်ရတာ
ဘယ်လောက်ကြည်နူးဖို့ကောင်းသလဲဆိုတာ ဒီဝတ္ထုလေးဖတ်ပြီး အဆုံးစွန်ထိခံစားပြီးကြည်နူးလို့ရပါတယ်။

အဓိကဇာတ်ကောင်တွေကတော့ လုရှန်းနဲ့လီဆွေ့ဆိုတဲ့ လူသားနှစ်ယောက်ပါ။လုရှန်းကိုပုံဖော်ရမယ်ဆို တိတ်ဆိတ်တယ်။အေးချမ်းတယ်။ပြတ်သားတယ်။ထက်မြက်တယ်။

လီဆွေ့ဆိုတဲ့ကလေးကတော့ လိပ်ကလေးတဲ့ သူ့ရဲ့နာကျင်မှုတွေကိုအခွံလေးနဲ့ဖုံးအုပ်ထားတဲ့ ကြောက်တတ်ပြီးအားငယ်တတ်တဲ့လိပ်ကလေး။ဒီလိုလိပ်ကလေးဟာနောက်ပိုင်းမှာတော့ ရဲရင့်ထက်မြက်ပြီးအရာရာကိုဦးဆောင်နိုင်တဲ့ကျားတစ်ကောင်ဖြစ်လာခဲ့တယ်။

ဘာမှမသိမတတ်တဲ့ဆယ်ကျော်သက်ကောင်လေးဟာ ကောင်းကောင်းကြီးထိန်းကျောင်းပေးတတ်တဲ့သူလက်ထဲမှာ လိပ်ကလေးကနေ ကျားတစ်ကောင်အသွင်အဆင့်ဆင့်ပြောင်းလဲသွားပုံလေးဟာ စာဖတ်သူရင်ထဲအသည်းထဲအရှိုက်တည့်တည့်ကိုထိပါတယ်။

မူရင်းစာရေးဆရာက အံ့သြစရာချစ်ခြင်းတရားတစ်ခုကိုကောင်းကောင်းကြီးပုံဖော်ပေးသွားပါတယ်။အံ့သြစရာချစ်ခြင်းဆိုတဲ့နေရာမှာ ဒီလူသား၂ယောက်ကြားကဖြစ်လာတဲ့အရာမှန်သမျှဟာ လွယ်လင့်တကူတော့ဘယ်ဖြစ်လိမ့်မလဲ? ဒါပေါ့ ရင်းထားရတာ နှလုံးသားတွေ နာကျင်မှုတွေ ....

သေမင်းတစ်ဖက်ကမ်းမှာရပ်နေတဲ့အထီးကျန်အေးစက်တဲ့လူတစ်ယောက်ဟာ ကံကြမ္မာရဲ့စီမံပေးမှုနဲ့ စာမတတ်ပေမတတ် အသိပညာဗဟုသုတရယ်လို့ထောက်ပြစရာမရှိတဲ့ ဆယ်ကျော်သက်ကလေးကို အပေးအယူတစ်ခုကိုအရင်းတည်ပြီး ကောက်ယူမွေးစားပြီး အရာရာတိုင်းကို လမ်းပြသင်ကြားပေးခဲ့တယ်။ဘယ်လိုလူမျိုးက ဒီလောက်အသေးစိတ်ပြီးလမ်းခင်းပေးမလဲ? အခွင့်အလမ်းကောင်းတွေ ဖန်တီးပေးမလဲ? ကိုယ့်ရဲ့ ပထမဆုံးအရာတွေကို ဖန်တီးပေးတဲ့ဒီလူအပေါ်မှာ ကောင်လေးရဲ့ရင်ထဲမှာရော ဘယ်လိုဆန္ဒတွေဖြစ်ထွန်းလာမလဲ?ကောင်လေးပြောတာကတော့ သူ့အဘိဓာန်မှာလူ၂မျိုးပဲရှိတယ်တဲ့ ခင်ဗျားရယ် တစ်ခြားသူရယ်တွေရယ်ပါတဲ့

ဘာသာပြန်ပေးသူကိုလည်းချီးမွမ်းပြီးတော့အရမ်းလည်းကျေးဇူးတင်ပါတယ်။​မူရင်းစာရေးသူဖန်တီးပေးထားတဲ့အဖိုးတန်လေးဟာ ဘာသာပြန်သူရဲ့ကြိုးစားအားထုတ်မှုကြောင့် ကိုယ်တွေရဲ့ဘာသာစကားနဲ့ရေးပြန်ထားတဲ့ စကားလုံးတစ်လုံးချင်းစီတိုင်းမှာလည်း ရင်ထဲထိကိုတိုးဝင်စူးနစ်သွားစေပါတယ်။

ရင်ထဲနင့်တဲ့အခန်းဆိုတာ လက်ညှိုးတောင်ထိုးလို့မလွဲပါဘူး။ သေမင်းရဲ့လက်တကမ်းအလိုရောက်နေချိန်မှာ လီဆွေ့ရဲ့ စိတ်အားထက်သန်မှု နောက်ဆုံးလုရှန်းကိုတွေ့လိုက်ရတဲ့အချိန်မှာ သူလုပ်နိုင်ခဲ့ပြီဆိုတာကိုပြောပြီး စိတ်လျှော့လိုက်တဲ့ကောင်လေး။

လုရှန်းမရှိတဲ့အချိန် တိတ်ဆိတ်​နေတဲ့အိမ်တစ်အိမ်ရဲ့အထီးကျန်မှုတွေရစ်ဝိုင်းနေတဲ့လီဆွေ့။

အချိန်တိုင်းနောက်ကွယ်ကနေတိတ်တဆိတ်လမ်းကြိုခင်းပေးတတ်ပြီးတော့ အပင်လေး(လီဆွေ့)ကိုဂရုတစိုက်စိတ်ရှည်လက်ရှည်ရေလောင်းပေါင်းသင်ပေးတဲ့လုရှန်း။

နောက်ဆုံးအချိန်လို့သူ့ကိုယ်သူထင်မှတ်တဲ့အခါ သူ့ကိုတော့ဖြင့်စောင့်ရှောက်ပေးပါဆိုပြီး အမှာပါးလာတဲ့လုရှန်း။သူဟာ သူချစ်ရတဲ့အရာတွေထက် သူ့လက်နဲ့ပျိုးထားတဲ့အပင်လေးအပေါ်ကိုတော့ဖြင့် မြတ်နိုးရတဲ့အတိုင်းအတာဟာ လီဆွေ့သူ့အပေါ်မြတ်နိုးရတဲ့ပမာဏကလွဲလို့ ဘယ်အရာကမှတိုင်းတာလို့မရနိုင်ပါဘူး။

Happy Ending မှန်းသိခဲ့ရတာတောင် မျက်ရည်ကျတာမရပ်တန့်နိုင်ခဲ့ပါဘူး။တစ်ယောက်နဲ့တစ်ယောက်နောက်ကွယ်ကနေ သူမသိအောင်ကိုယ်မသိအောင် ကာကွယ်ပေး ကိုယ့်ကိုကိုယ်စွန့်လွှတ်ဖို့ဝန်မလေးကြတဲ့အထိကို နက်ရှိုင်းလှတဲ့မေတ္တာ သံယောဇဥ် ချစ်ခြင်းတရား ဂရုစိုက်မှုတွေဟာ သြချရလောက်ပါတယ်။

ဖတ်နေရင်းတောက်လျှောက်၁ပိုင်းမှရိုးမသွားရတာမို့ ကိုယ်တိုင်ဖတ်ကြည့်ဖို့ပဲအကြံပေးချင်ပါတယ်။အပိုင်းတိုင်းဟာ ရင်ထဲမှာ စူးနစ်နေတာပါ။မဖတ်ရင် နောင်တရသွားမှာပါနော် 👊

​နောက်ဆုံးလျှာရှည်ချင်တာကတော့ ကိုယ့်အနီးအနားက ကိုယ့်ကိုပြုစုပျိုးထောင်လာပေးတဲ့သူတွေကို တန်ဖိုးထားကြပါ။ချစ်ခြင်းတရားကတော့ သူ့အောက်ကခေါင်းစဥ်ခွဲလေးတွေနဲ့ပတ်သက်ဆက်နွယ်မှုလေးတွေပဲကွာမယ်။အတိုင်းအတာရယ်ပမာဏရယ်ကတော့ ကိုယ်ပေးနိုင်သလောက် သူပေးနိုင်သလောက် တန်ဖိုးကတော့ကြီးမားပါတယ်။ချစ်ခြင်းမေတ္တာတွေကို မဖြုန်းတီးမိပါစေနဲ့။

#Kudo

Warning: Spoiler Alert !Wo Geschichten leben. Entdecke jetzt