4

607 41 0
                                    

ပုဂံဆောင်းကို အထင်သေးမိသမျှ အမှားကြီးမှားလိုက်မှန်း သိလိုက်သည် ။ ပုဂံဆောင်းလည်း ချမ်းသည်ပင် ။ ည၂နာရီ လောက်တွင် တည်းစရာ ဘုန်းကြီးကျောင်းသို့ ရောက်ပြီး နေရာချကြ ၊ အိပ်ယာဝင်ဖို့ပြင်ကြသည် ။ မနက် ၇နာရီ ထိုးတွင် စထွက်မည်ဖြစ်သောကြောင့် လူမများခင် မျက်နှာသစ် အိမ်သာတက် ထရသည် ။ ဘေးကလူက ဘယ်ချိန်ထသွားမှန်းမသိလိုက် ။ ခုမှ ငါးနာရီသာ ရှိသေးသည် ။

" နိုးပြီလား ... ''

" အွန်....''

" လူမများခင် မျက်နှာ သစ်ထားချည်လေ ''

ပိုင်ရှင်က လေသံတိုးတိုးလေးနှင့် ပြောနေသည် ။ ခြေဖွဖွနင်းကာ အိပ်ယာသိမ်းပြီး အလှပြင်တော့မည် ။ လိုတလည်း လူမများခင် မျက်နှာသစ်ခြင်း အမှုတို့ကို အပြီးလုပ်နေသည် ။

သူတို့ထပြီးနောက် တစ်ခြားသူများ အလျှိုလျှို ထလာကြပြီ ။ ဘာမှပြင်စရာမလိုသော လိုတက မျက်နှာသုတ်ပြီး ပြန်အိပ်နေပြီ ။ ဆံပင်က လက်နဲ့ထိုးဖွ သပ်သိမ်းလိုက်ရင် မသိသာတော့ ။ ဘာလို့ခေါ်မလဲ ။ ခေါင်းမဖီးကေ လား... အဲ့လို ညှပ်ထားသည် ။ သူနှင့်ဆန့်ကျင်ဖက် ပိုင်ရှင်ကတော့ အပြတ်အသတ် ရှိုင်းနင် ဂွိုင်းနင်တွေ ချနေသည် ။ ဘုန်ကြီးကျောင်းကတော့ တရားခွေ ​ဖွင့်ထားသည် ။ ယောကျ်ားလေးဆောင်ကတော့ တိတ်ဆိတ်လျက် ။

နေမထွက်ခင် အာရုဏ်ကျင်းတော့ အကုန်လုံး ပြင်ပြီးဆင်ပြီးနေပြီ ။ လိုတ အိပ်ယာထဲမှ ထလိုက်ပြီး ကားနား အဆင်သင့်စောင့်ရန်ပြင်သည် ။ ပိုင်ရှင်က သူ့အား လှမ်းဆွဲကာ

" စနိုးလေး ဘာလေးလောက်တော့ လိမ်း '' ဟု ဆိုကာ မျက်နှာကို သူ့လက်နှင့် လိမ်းပေးလာသည် ။ ရုတ်တရက် လိုတ ကြောင်အနေပြီးမှ ရုန်းထွက်လိုက်သည် ။

" ငါ့ဖာငါ လိမ်းမယ် ''

မျက်နှာကို ဟိုဖက်ပွတ် ဒီဖက်ပွတ် လုပ်ပြီး အစသတ်လိုက်သည် ။ အရင်ပြီးနှင့်ပြီ ဖြစ်သောကြောင့် ဘုန်းကြီးကျောင်းက ဖိုထားပေးသော မီးပုံနားမှာ ထိုင်စောင့်နေလိုက်သည် ။ ယောကျားလေးဆောင်မှ ထွက်လာသူတစ်ယောက်ကို မြင်ပြီး သူအံ့ဩမမိသည် ။ ထိုသူမှာ လိုတကိုတော့ ဂရုမစိုက်မိချေ ။ ဂျင်းကုတ်အကျီနှင့် ဂျင်းအမဲရောင်ကို တွဲစပ်ဝတ်ထားသည် ။ လက်နှစ်ဖက်ကို ပွတ်သတ်ပြီး အကျီအိတ်ထောင်ထဲ ထည့်လိုက်သည် ။ ကားနားမယောင်မလည်နှင့် တစ်ယောက်ယောက်ကို စောင့်နေဟန် ။ သူ ဘာ်သူ့ကို စောင့်နေလဲ လိုတ သိသည်လေ ။

Love Is RainbowWhere stories live. Discover now