11

457 35 8
                                    

မနက်စောစောထ... အချိန်စာရင်းတွေ သေချာစီထား... မနှစ်က စီးခဲ့တဲ့ ဘောလုံးဖိနပ်ကို သပ်သပ်ထုတ်လိုက်သည် ။ ဆောင်းရာသီ ဖြစ်သောကြောင့် နှင့်မကွဲသေး ။ ၆နာရီ ဆိုပေမယ့် မိုးမလင်းသေး ။ သို့ပေမယ့် မနက်စာ ထွက်ဝယ်ရမည် ။ အဆောင်မှူးကို ညကတည်းက မနက်စောစော သွားရမည် ဟု ပြောထားသောကြောင့် တံခါး​ေသာ့ ဖွင့်ထားသည် ထင် ။ လက်ဖက်ရည်ဆိုင်ဖက် ထွက်လာခဲ့ပြီး စမူဆာနှင့် လက်ဖက်ရည်တစ်ခွက် ဝယ်လိုက်သည် ။ နွားနို့က ပိုင်ရှင့်အတွက် ။

အဆောင်သို့ အလျင်အမြန်ပြန်ပြီး နွားနို့ကို မအေးအောင် အပူခံအအေးခံသည့် ေရနွေးဗူးထဲထည့်ထားသည် ။ အကျီလက်ရှည်မထူမပါးကိုထပ်ဝတ်ကာ ဒီဇိုင်း ၊ အရုပ်မပါသည် ချည်ထိုးဦးထုပ် အမဲရောင်ကိုဆောင်းလိုက်သည် ။ လက်ဖက်ရည်သောက် ၊ မုန့်စားကို မြန်ဆန်စွာ အပြီးသတ်လိုက်သည် ။ Sticker notepad ပေါ်
" နွားနို့ ၊ စမူဆာ ဝယ်ထားပေးတယ် ၊ စားချင်တာရှိရင် မက်ဆေ့ပို့ထားလိုက် ''
ထိုသို့ရေးပြီး ရေနွေးဗူးပေါ် ကပ်ထားလိုက်သည် ။

ပြီးစီးတော့ trainer ဖိနပ်ထည့်ထားသော ရှုံကျောပိုးအိပ်ကို လွယ်ပြီး ပြိုင်ဘီးအနီရောင်လေးကို ထုတ်ကာ မန္တလာသီရီ အားကစားကွင်းသို့ ထွက်လာခဲ့သည် ။ မနက်စောစောဖြစ်သောကြောင့် ကား ၊ ဆိုင်ကယ်တို့ ရှင်းနေသည် ။ စက်ဘီးစီးရသည်မှာ ေလတိုးသော်လည်း ရှင်းရှင်းလင်းလင်း စီးရသောကြောင့် စိတ်ကြည်နေသည် ။ နှင်းမမြည်သော ရေအေးမှုန်တို့ကြောင့် မျက်တောင်တို့ စိုစွတ်နေသည်ကို ခံစားမိသည် ။

MUFL ကျောင်းတွင် ဘောလုံးကွင်းမရှိသောကြောင့် မန္တလာသီရီကွင်းသို့သာ စီနီယာတို့က ချိန်းလိုက်သည် ။ ၂၆ ဘီလမ်းကြီးမှာလည်း ရှင်းနေသည် ။ ကျုံးကြီးမှာလည်း မီးရောင်တို့ကြောင့် တောက်ပနေပြန်သည် ။ ခုတလော သူ့စိတ်တို့ လွတ်လပ်နေသည် ။ ကျုံးကိုကြည့်ရင်း ဒီနေ့ training သာ မရှိရင် ကျုံးဘေး လမ်းလျှောက်လာဖြစ်မည့်အကြောင်းတွေးမိပြန်သည် ။ ဒါဆိုသူမကော မနက်ကို အိပ်ရေးဝဝအိပ်နေမည်လား ။ ညက ပို့လိုက်သောစာကြောင့် ကိုယ့်ကိုယ်ကိုလည်း ရှက်မိသည် ။ သူကစပြီး မကမ်းလှမ်းဖူးသေးတာလေ ။ သူမကတော့ မန်းလေးတောင် တက်ရအောင်ဟု ဖိတ်ခေါ်လာခဲ့သည် ။

Love Is RainbowWhere stories live. Discover now