နေခြည်မှာ ... ရွှေရည်လောင်း...

3.7K 185 27
                                    

လွန်ခဲ့တယ့် ၂၀၀၁- ၂၀၀၂  ပညာသင်နှစ်တုန်းကပေါ့ဗျာ ...ကျွန်တော့်တို့ရဲ့နယ်မြို့လေး မူလတန်းလွန်ကျောင်းလေးကို ဆရာမတစ်ယောက် Posting ကျလာခဲ့တဲ့အချိန်ကပေါ့။ ကျွန်တော်တို့မြို့လေးက ကျဥ်းကျဥ်းလေးဆိုတော့ ဒီမူလတန်းလွန်ကျောင်းလေးမှာပဲ မြို့က အလယ်တန်းအထိ ကျောင်းသားတွေ အားလုံးတက်ရတဲ့ ပျဥ်ကာ သွပ်မိုး ကျောင်းလေးပေါ့။ အနောက်ဘက်မှာ လယ်ကွင်းတွေပဲ ရှိတော့တဲ့ မြို့အစွန်အဖျားမှာ ကျောင်းက တည်ရှိတာကိုး။

အဲ့ဒီတုန်းက ကျွန်တော်က ငါးတန်းကျောင်းသူပေါ့လေ ။ ကျောင်းနဲ့အနီးဆုံးအိမ်က ကျွန်တော့်အိမ် ကျွန်တော့်ကြီးကြီးက အိမ်ဆိုင်လေးနဲ့ စာအုပ်ဆိုင်လေးနဲ့ တွဲဖွင့်ခဲ့တယ့်အချိန်တုန်းကပေါ့။ ဆရာမနဲ့ အနီးစပ်ဆုံးဖြစ်ခဲ့တာကလဲ ဒီစာအုပ်တွေကြောင့်ပေါ့။

ဆရာမနမည်က ဒေါ်ခင်ခင်နိုင်တဲ့ အသက်ကတော့ ၃၂ နီးပါးလောက်ရှိမယ် ။ ပထမဆုံးစပြောင်းလာကတည်းက ဆရာမက အလယ်တန်းပြအဖြစ်လေ ကျွန်တော်တို့ အတန်းတွေ မဝင်သေးဘူး။ ဒါမယ့် ကျွန်တော့်သူငယ်ချင်းကပြောတယ်။

"ယံလေး .. ခုနှစ်တန်းမှာ ဆရာမအသစ်ပြောင်းလာတယ် သိလား ချောချက်ပဲဟာ စိုးမြတ်သူဇာအတိုင်းပဲ " တဲ့လေ။

ကျွန်တော့်သူငယ်ချင်းက ညွှန်းနေတော့ ကျွန်တော်ကလဲ ဆရာမအသစ်ဆို စိတ်ဝင်တစားကြည့်တက်တဲ့ ကလေးသဘာဝစပ်စုစိတ်နဲ့ ကျောင်းအုပ်ကြီးရုံးခန်းမှာ ထိုင်နေတဲ့ ဆရာမကို တံခါးအကွယ်က သွားချောင်းတာပေါ့။

သူပြောလဲ ပြောချင်စရာပဲဗျာ ။ အဝေးကနေကြည့်တာတောင် အတော်လှတယ်။ ပိန်ခြောက်ခြောက်ပြားချပ်ချပ်မဟုတ်ဖူး ကိုယ်လုံးကိုယ်ပေါက်က စိုးမြတ်သူဇာအတိုင်းတောင့်တောင့်ဖြောင့်ဖြောင့် မျက်လုံးမျက်ခုံးနက်နက်နဲ့ ဆံထုံးကြီးကြီးထုံးထားပြီး နှင်းဆီအနီတစ်ပွင့် ပန်ထားပုံက ကျွန်တော်မှာ စိုးမြတ်သူဇာထက်လှတယ်လို့ ဘေးက သူငယ်ချင်းကိုတောင်ပြောမိတယ်။

ဘာစိတ်မှ မရှိပါဘူး ဆရာမအသစ်ဆိုလို့ စိတ်ဝင်တစားကြည့်မိတာကလွဲရင်။

ဆရာမဒေါ်ခင်ခင်နိုင်ရဲ့အကြောင်းကို နားလဲစွင့်မိတယ်။ ဆရာမက အပျိုကြီးတဲ့ သူ့မှာ တူမနှစ်ယောက်ရှိတယ်လို့ ကျွန်တော်တို့ကျောင်းက ခုနှစ်တန်းစီနီယာအကိုအမတွေက ပြောပြတယ်။
အဲ့ဒီတုန်းက ကျွန်တော်ကလေးစိတ်နဲ့ တွေးမိပါသေးတယ် ။ ဘယ်လိုလဲဆိုတော့ ဆရာမ လင်မယူရင်ကောင်းမှာပဲ နှမျောစရာကြီးလို့။

နေခြည်မှာ .... ရွှေရည်လောင်း ... (Complete)Where stories live. Discover now