အဲ့ဒီနေ့ရဲ့နောက်ပိုင်းမှာ ရှစ်တန်းအစိုးရစစ်အတွက် ကျူရှင်တွေ စတက်ရတယ်။စာတွေ အများကြီးလုပ်ခဲ့ရတယ်။ ကိုးတန်း ဆယ်တန်း စာတွေ မတရားများလွန်းလို့ ဆရာမကိုတောင် မေ့သွားမှာ ကြောက်ရတယ်။ ကျွန်တော့်ရဲ့ တစ်ခုတည်းသော ပန်းတိုင်က ဆရာမအနားရောက်ဖို့ပဲ။ စုံညီပွဲ ဆုပေးပွဲတွေမှာ အတူဓာတ်ပုံရိုက်ခဲ့ဖူးတဲ့ ဓာတ်ပုံလေးကို ထုတ်ထုတ်ကြည့်ပြီး အလွမ်းပြေခဲ့ရပါတယ်။
"ချစ်တယ် သေချာပေါက် ဆရာမကို ဒီစကါးပြောနိုင်တဲ့နေ့ ရောက်လာမှာပါ"
ဒီလိုနဲ့ အားတင်းထားခဲ့တယ်။ ကျွန်တော်ထပ်ပြီး မငိုတော့ဘူး။ တစ်နေ့သော် ... ဆရာမဆီကို ကျွန်တော်ရောက်အောင်လာခဲ့မယ်။ ကမ္ဘာမြေရဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကျွန်တော်ရောက်အောင် လာရှာခဲ့မယ်။ ဒါ့ကြောင့် ကျန်းမာအောင်နေ ။ ဆရာမရဲ့ဗိုလ်ကြီးရှိနေသေးရင်တောင် ဆရာမအနားမှာ တောက်တဲ့လေးလိုကပ်နေအုံးမှာ။
"ဆယ်တန်းအောင်ရင် ဘာမေဂျာယူမယ်တွေးထားလဲ "
အမေနှင့်အဖေရော ဆွေမျိုးတွေရော ခဏခဏမေးတဲ့ မေးခွန်းကို တိကျတဲ့အဖြေတစ်ခု အမြဲတမ်းပေးခဲ့တယ်။
"ပညာရေးကောလိပ် အမှတ်မမှီရင်တောင် ရတဲ့မေဂျာယူပြီး ဆရာမ လုပ်မယ် "
အနီးစပ်ဆုံး သေချာတဲ့ အခွင့်အရေးက ပညာရေးလောကထဲကလွဲပြီး ဘာမှမဖြစ်နိုင်ဖူးလို့ ကျွန်တော်ယုံတယ်။ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာ မိုးကြိုးပစ်တာကိုစောင့်ပြီး မိုးကြိုးသွားလိုချင်နေတဲ့ ကျွန်တော်အိပ်မက်တွေက သိပ်ကို မိုက်ရူးရဲဆန်နေသလား။ဒီထက်ပိုရူးတာတွေလဲ ရှိပါသေးတယ်။
ကျွန်တော်မှန်းထားသလို ပညာရေးကောလိပ်နဲ့ ဝေးခဲ့ရတာကို ကံကြမ္မာကိုအပြစ်ဆိုမနေတော့ပါဘူး။ ဖြစ်ချင်တာတွေ ဖြစ်ချင်မြှဖစ်လာတာ ကံကြမ္မာပဲ မဟုတ်လား။ ကောလိပ်အမှတ်က အနိမ့်ဆုံး ၃၆၉ ကျွန်တော့်အမှတ်က ၃၅၉ ။ကျွန်တော်ညံ့ခဲ့လို့ ၁၀ မှတ်အလိုနဲ့ လွဲခဲ့တယ်။ဒဂုံတက္ကသိုလ် သင်္ချာမေဂျာမှာ အမှတ်မှီခဲ့တယ်။လေးနှစ်နေလို့ ဘွဲ့ရရင် ဆရာမလုပ်မယ် ရည်ရွယ်ချက်ကတော့ ရှင်သန်နေတုန်းပဲ။ ဒါက ဆရာမအပေါ်ထားတဲ့ ကျွန်တော်ရဲ့အချစ်ကြောင့်ပဲထင်တယ်။
YOU ARE READING
နေခြည်မှာ .... ရွှေရည်လောင်း ... (Complete)
Romanceသစ်ရွက်လှုပ်တိုင်း ရင်ခုန်တက်တဲ့ ဒီအရွယ်မှာ ပထမဆုံး ရင်ခုန်မိတဲ့ အချစ်ဦးက ဆရာမဖြစ်နေတယ်ဆိုတာပဲ။ လင်းထက်ယံ ဒေါ်ခင်ခင်နိုင် HtaHnaungNyo OC#