*ထိုဇာတ်လမ်းတွင်ပါဝင်သောအကြောင်း
အရာများမည်သည့်တစ်ဦးတစ်ယောက်ဆီကမှကူးယူခြင်းမရှိပါ။စာရေးသူအနေနဲ့စိတ်ကူး
ယဥ်သက်သက်သာပုံဖော်ထားခြင်းဖြစ်သည်။*[၅]
အိမ်ပြန်ရောက်တာနဲ့သူ့ထက်သာ အပေါ်သို့ခြေသံဖွဖွဖြင့် နင်းကာမမအခန်းထဲဝင်နေလိုက်တယ်အိပ်ရင်ကောင်းမလားဟုတွေးမိသော်လည်းမနက်မနိုးရင်ကပြဿနာ
တစ်ညလုံးထိုင်နေရမလား
.
.
.
.
.
.
.
ဒေါ်စိန်ကြည် တစ်ယောက်မနက်၄နာရီခွဲလောက်မှာနိုးလာသည်။
ထို့နောက်ယောကျာက်းဖြစ်သူကိုနိုးကာ နွားတွေကိုအစာကျွေးခိုင်းလိုက်သည်။ သူလည်းထမင်းဟင်းချက်ကာ ရေနွေးအိုးတည်ကာအလုပ်ရှုပ်နေစဉ်"ဒေါ်ကြီးရေ... ဒေါ်ကြီး "
အိမ်ရှေ့ကခေါ်သံကြောင့်ထွက်ကြည့်တော့ ဗညား ဘေးမှာလည်းထဘီအကျီင်ပြောင်ပြောင်နဲ့မိန်းမလိုလိုဘာလိုလိုနဲ့ သူသိလိုက်ပြီမောင်လင်းညို့ပြောတဲ့မျက်နှာခြယ်ပေးမဲ့သူထင်သည်။
"သမီးမျက်နှာခြယ်ပေးဖို့လား အစောကြီးအခုမှာ ၅နာရီဘဲရှိသေးတယ်မစောလွန်းဘူးလာဘူး ပွဲကဖြင့် ၇နာရီမှကို"
"အော် အရီးကလည်းကျုပ်ကပြင်ပေးရမယ်သူလေ ကိုယ်ဘယ်လောက်အချိန်ကြာမှာလားသိတာပေါ့ အဲ့တာကြောင့်ဒီအချန်လာရတာ "
ထိုအခါမှဗညားကလည်း..
"ဟုတ်တယ်လေ ဒေါ်လေးဒီအလှပြင်ပေးတဲ့ဆရာ အဲ့ဆရာမကအရမ်းတော်တာလေ ဒါကြောင့်ညီမသူသူထက်ကိုအလှဆုံးဖြစ်အောင်ပြင်ပေးဖို့လင်းညို့ကမှာထားသေးတယ် အချိန်ပိုများတော့ ပိုလှတာပေါ့ဗျာ မဟုတ်ဘူးလား"
"အေးပါ အေးပါ အထဲဝင်"
ဒေါ်စိန်ကြည် အိမ်ထဲဝင်သွားတော့
"ကျုပ်ပြောတဲ့အတိုင်းပဲလုပ်နော်မသိစေနဲ့"
"သိပါတယ်တော် ဆန်းဆန်းလိမ်တဲ့နေရာမှာတော်တယ်လေ"
"ဟဲ့မဝင်သေးဘဲအပြင်မှာဘာလုပ်နေတာလည်း"
"လာပါပြီရှင့် "
"အေး အခုပြင်မှတ်လား ဒါနဲ့အကျီင်ကောပါတယ်မှတ်လား"
"ပါပါတယ် အခုပြင်မှာ"
YOU ARE READING
သူကြီးကတော် မြို့ကြီးသား
Romance၁၉၈၀ခုနှစ်ပိုင်းကာလပိုင်းကရွာသူကြီးတစ်ယောက်မိမိထက်သက်၁၀ နှစ်ငယ်သောကောင်လေးတစ်ယောက်ကိုလက်ထက်ရန်အကြောင်းဖန်လာသောအခါ... "မင်းကိုချစ်ခင်မြတ်နိုးလွန်းလို့တော်ကောက်ရတာမဟုတ်ဘူးမတတ်သာလို့လုပ်လိုက်ရတာ ကလေး တွေကိုမကြိုက်ဘူးကွ" လင်းညို့မောင်မောင် "အောင်မာ ခင...