"အမယ်လေးတိုင်ချင်တဲ့နေရာတိုင်စိန်ကြည်တို့ကမကြောက်တတ်ဘူး"
ရှူးရှူးရှဲရှဲလုပ်ပြီးထဘီကြီးမကာထွက်သွား
ထိုသားအမိ လမ်းလျှောက်သံပြင်းလိုက်ပုံများအနောက်မှာတော့ခြေတွေကျန်တော့မလို"သားငယ်အမေကိုပြစမ်းမျက်နှာကနီရဲသားတာဘဲ နာနေလား"
"နည်းနည်းတော့နာတယ် ဒါပေမယ့်အဲ့ငပိပုတ်မကိုတစ်ချက်ထဲထိုးလိုက်ရတာမကျေနပ်ဘူး"
"သူ့ထက်သာနောက်တစ်ခါဒီလိုထပ်မဖြစ်စေပါနဲ့ ရန်ဖြစ်တယ်ဆိုကောင်းအရာမဟုတ်ဘူးပြီးတေ့ာလည်းကြားမကောင်းအမျိုးသမီးနဲ့တဲ့နောက်ဒါမျိုးထပ်ဖြစ်ရင်ထိပ်တုံးခတ်ရလိမ့်မယ်"
"ရန်ဖြစ်တာကယောကျာင်းမိန်းမခွဲရသေးတာလားကျွန်တော့်ကိုလာထိရင်တော့ငြိမ်ခံမနေိုင်ပါဘူး နေပါဉီးခင်ဗျားကကျွန်တော့်ကိုထိပ်တုံးမခတ်လိုက်ရလို့ဒေါသထွက်နေတာလား"
"သားငယ်အဲ့လိုမပြောရဘူးလေ မောင်လင်းညို့ပြောတာကသားအတွက်ပြောနေတာလေ
ဘာကိစ္စခင်ဗျားတုန်း နောက်တစ်ခါအဲ့လိုမပြောနဲ့နော်မောင်လင်းညို့ကသားထက်၁၀နှစ်လောက်ကြီးတယ်အကိုဖြစ်ဖြစ်ခေါ်ပေါ့ "အကိုတဲ့ခေါ်စရာလားရိုသေစရာမရှိတဲ့လူကိုမရိုသေနိုင်ပါဘူးကိုယ့်ကိုလုပ်သွားတဲ့ကိစ္စကိုတောင်အခဲကြေသေးတာမဟုတ်ဘူး
"အမေပြန်မယ်လေမှောင်တောင်မှောင်နေပြီဒီနားမှာတစ်စက်မှမနေချင်တော့ဘူး ခြင်လည်းကိုက်တယ်"
"အေးပါ...ဒါဖြင့်ဒေါ်လေးပြန်ဦးမယ်နော်မနက်ကြစောစောလာခဲ့ချည်ဒေါ်လေးကောက်ညင်းပေါင်း
ပေါင်းမှာမို့ပူပူလေးစားရအောင်လို့""ဟုတ်ကဲ့ဒေါ်လေးဂရုစိုက်ပြန်ပါ"
"အမေကလည်းဘာလို့သွားခေါ်နေတာလည်း
ဟိုကလည်းငတ်နေလားမသိဘူး""ဟယ်.. သူ့ထက်သာနင်သူ့ကိုကျေးဇူးတင်ရမှာသိလားရွာမှာမိန်းကလေးနဲ့ယောကျာင်းလေးရန်ဖြစ်ဘယ်သူမှားမှားမှန်မှန်ယောကျာင်းလေးကဘဲအပြစ်ရှိတာမို့ လက်တုံးခတ်ခံရတာ ငါတောင်နင်ခတ်ခံရပြီမှတ်တာ မောင်လင်းညို့ကိုကျေးဇူးတင်စမ်း"
YOU ARE READING
သူကြီးကတော် မြို့ကြီးသား
Romance၁၉၈၀ခုနှစ်ပိုင်းကာလပိုင်းကရွာသူကြီးတစ်ယောက်မိမိထက်သက်၁၀ နှစ်ငယ်သောကောင်လေးတစ်ယောက်ကိုလက်ထက်ရန်အကြောင်းဖန်လာသောအခါ... "မင်းကိုချစ်ခင်မြတ်နိုးလွန်းလို့တော်ကောက်ရတာမဟုတ်ဘူးမတတ်သာလို့လုပ်လိုက်ရတာ ကလေး တွေကိုမကြိုက်ဘူးကွ" လင်းညို့မောင်မောင် "အောင်မာ ခင...