အခန်း(၈၂) တစ်အုပ်လုံး အရှက်ခွဲခံရပြီ
ကျောင်းဂိတ်ပေါက်တွင် နောက်ဆုံးတော့ ကလေကချေများကို လောင်ရွှေအန်း လွှတ်ပေးလိုက်ပါသည်။
သို့သော်လည်း ကျမ့်ယိလင်လေးကို တောင်းပန်ခိုင်းလိုက်၏။ စောင့်ကြည့်သူတွေ ရှေ့မှာ အမှန်တရားကို အော်ပြောဖို့လည်း လောင်ရွှန်အန်း ခိုင်းခဲ့ပါသေးသည်။
"ကျွန်တော်တောင်းပန်ပါတယ်ဗျာ! ကျွန်တော် ခင်ဗျားတို့ကို တကယ်မသိပါဘူး! လူတစ်ယောက်က ကျွန်တော့်ကို ပိုက်ဆံပေးပြီး လုပ်ခိုင်းထားတာာပါ... ဒီကိုလာပြီး ခင်ဗျားကို ရည်းစားစကား ပြောခိုင်းတာပါ! ကျမ့်ယိလင်ရဲ့ နာမည်ကို ဖျက်ချင်တယ်လို့ သူတို့က ပြောပါတယ်။ တခြား ဘာမှ မသိရပါဘူးဗျာ!"
ထိုကလေကချေလည်း အမိန့်ကို မလွန်ဆန်ရဲပေ။ အမှန်တိုင်း အကုန်ဖွင့်ချလိုက်ပါသည်။
"နင်ဘာလို့ စကားပြောတာ ဒီလောက်တိုးနေတာလဲ။ အစားမစားရလို့လား ဘာလား။ နင်အဲ့လောက် တိုးတိုးလေး ပြောမှတော့ ဘယ်သူက ကြားမှာလဲ။ ကျမ့်ယိလင်လေးကို နင် ရည်းစားစကားပြောတုန်းကတော့ တစ်ကျောင်းလုံးသိအောင် ရွံစရာ စာတန်းတွေပါ ချိတ်ထားသေးတယ်။ အခုအမှန်တိုင်း ပြောရမှ လေသံက တိုးနေတယ်ပေါ့!။ လာနောက်နေတာလား!"
"မဟုတ်ဘူး မဟုတ်ရပါဘူးဗျာ..." သူတို့ ကျယ်ကျယ်မပြောချင်လို့ မဟုတ်ပါ။ သူတို့ အဆော်ခံထားရတာာကြောင့် မပြောနိုင်ခြင်း ဖြစ်ပါသည်။
"မဟုတ်ဘူး ဟုတ်လား။ ဒါဆို သောက်စကားကို မြန်မြန်ပြန်ပြင်ပြောလေ! ငါတစ်နေကုန် အားနေတယ် ထင်လို့လား။ ငါ့အချိန်က အရမ်း အဖိုးတန်တယ်နော်!"
လောင်ရွှေအန်းပြောတာ အမှန်ပင်။ နေ့ရက်တစ်ရက်မှာ သူမ ဖန်တီးနိုင်သည့် တန်ဖိုးက သူတို့ ၄ ကောင် တစ်နှစ်လုံးမှ ဖန်တီးနိုင်တဲ့ တန်ဖိုးထက် မြင့်ပါသည်။
ထို့နောက် ကလေကချေတွေ အမှန်တရားကို ထပ်အော်ပြီး ပြောပြန်သည်။
ဒီတစ်ခေါက်တော့ ရှိသမျှ အားအင်တွေ အကုန်သုံးခဲ့ပါသည်။
သူတို့အသံက အလွန်ကျယ်လောင်လွန်းလှသည်။ ကျောင်းဂိတ်ပေါက်မှာ စောင့်ကြည့်နေတဲ့ လူအများစု သူတို့အော်သံကို ကြားရပါသည်။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]
RomanceEng Name - From Sidekick to Bigshot Og author - Er Fengchong ဇာတ်လမ်းအကျဉ်း - အနာဂတ်က မှတ်ဉာဏ်တွေနဲ့ အတူ ဝတ္ထုထဲ ကူးပြောင်းလာတဲ့ ကျမ့်ယိလင်လေးက သူမိသားစုတွေ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားတယ်။ နဂိုက အမြှောက်စာအရံဇာတ်ကောင်သာသာ အဆင့်ရှိတဲ့ ကျမ့်...