အက်ဆေးမှ အမှတ်အများကြီးမရလောက်ဘူးဟု ကျမ့်ယိလင် ထင်ထားခဲ့သော်လည်း သူမရဲ့ ကြိုးပမ်းအားထုတ်မှုအတွက် ဆရာမက အမှတ် ၂၀ ပေးခဲ့ပါသည်။
ထို့အပြင် Reading အပိုင်းမှာ မေးခွန်းအားလုံးကို မှန်မှန်ကန်ကန်ဖြေနိုင်ခဲ့သည်ဟု သူမ ယူဆထားသော်လည်း ထိုအပိုင်းတွင် သုညသာ ရပါသည်။
ဟူကျောင်းကျောင်းလည်း ကျမ့်ယိလင်လေးရဲ့ Reading အပိုင်းအတွက် အဖြေများကို မြင်သွားသည်။
ကျမ့်ယိလင်ရဲ့ အဖြေတွေကို မြင်လိုက်တာနဲ့ သူမ မျက်နှာ တောင့်တောင့်ကြီး ဖြစ်သွားရသည်။
မေးခွန်း : နောက်ဆုံးစာပိုဒ်မတိုင်ခင် စာပိုဒ်တွင် အဓိကဇာတ်လိုက်ရဲ့ မျက်လုံးဘာကြောင့် နီရဲသွားရသနည်း။
ကျမ့်ယိလင်ရဲ့ အဖြေ: မျက်လုံးကို ဝန်းရံထားတဲ့ အမှေးပါးလေးမှာရှိိတဲ့ သွေးကြောတွေနဲ့ မျက်ဖြူတို့ ကျိန်းလာတဲ့အခါ နီမြန်းလာတတ်ပါသည်။ ထိုကဲ့သို့ ကျိန်းစပ်မှု/သွေးယိုမှုက သူငယ်အိမ်ဘေးပတ်လည်ရှိ အဖြူရောင် အစိတ်အပိုင်းများကို အရောင်ပြောင်းလဲသွားစေပါသည်။
မေးခွန်း: ဤစကားစုနဲ့ပတ်သတ်ပြီး သင့်ရဲ့ ထင်မြင်ချက်ကို ဖော်ပြပါ။ "ထီးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ချိန်မှာ သူ့လက်ချောင်းထိပ်လေးတွေ ဖြူဖွေးလာခဲ့တယ်။ ရုတ်တရက် ဆောင်းရာသီ နီးကပ်လာတာကို သူခံစားမိခဲ့ပါတယ်"။
ကျမ့်ယိလင်ရဲ့အဖြေ: သူ့သွေးလည်ပတ်မှု အားမကောင်းတာကြောင့် ဖြစ်ပါသည်။ သွေးလည်ပတ်မှု အားမကောင်းသည့်အခါ လူ့ခန္ဓာကိုယ်အစွန်အဖျားရှိ အင်္ဂါများထံသို့ သွေးစီးဆင်းမှု မလုံလောက်တာမျိုး ဖြစ်လာနိုင်သည်။ သို့သော်လည်း အထူးတလည် ကုသမှု ခံရဖို့ မလိုအပ်ပါ။ နွေးနွေးထွေးထွေးနေပြီး အားသွန်ခွန်စိုက် လုပ်ရတဲ့အလုပ်တွေကို ရှောင်ရှားပါ။
ကျမ့်ယိလင်ရဲ့ အဖြေတွေကို ဟူကျောင်းကျောင်း အထင်လည်းကြီး စိတ်လည်းရှုပ်သွားပါသည်။ သူမရဲ့ အဖြေလွှာကို စိုက်ကြည့်နေမိသည်။
ကျမ့်ယိလင်ရဲ့ အတွေးရထားတွဲကြီးက... ထူးဆန်းလိုက်တာ!
ထိုအချိန်တွင် ကျောင်းသားကော်မတီမန်ဘာတစ်ယောက် လျှောက်လာ၏။ လျို့ဝမ်ပဲ ဖြစ်သည်။ သူမ ဟူကျောင်းကျောင်းကို စကားလာပြောခြင်း ဖြစ်ပါသည်။ "နင်တကယ် အိမ်ပြန်ပြီး အိမ်လခ လိုက်ကောက်ချင်နေပြီ ထင်တယ်"
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]
RomanceEng Name - From Sidekick to Bigshot Og author - Er Fengchong ဇာတ်လမ်းအကျဉ်း - အနာဂတ်က မှတ်ဉာဏ်တွေနဲ့ အတူ ဝတ္ထုထဲ ကူးပြောင်းလာတဲ့ ကျမ့်ယိလင်လေးက သူမိသားစုတွေ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားတယ်။ နဂိုက အမြှောက်စာအရံဇာတ်ကောင်သာသာ အဆင့်ရှိတဲ့ ကျမ့်...