Part 23

685 81 26
                                    

Part 23

ဆေးရုံးကိုအသည်းအသန်ရောက်ချလာတဲ့ဦးလေးဖြစ်သူက ရောက်ကတည်းက လူနာကုတင်ဘေးက ခုံမှာ အသက်မဲ့သူလို ငူငူငိုင်ငိုင်နဲ့ ထိုင်နေတာမြင်ပြီး သူစိတ်ထဲမကောင်းပါ။

ဒါပေမယ့် သူ့မှာ ဦးလေးနားသွားပြီးမနှစ်သိမ့်နိုင်အားပေ။ အန်ဒရူးရဲ့အဘိုးဖြစ်သူက အခုထိတိုင် မိသားစုကို ဦးစီးဆောင်ရွက်နေရတုန်းမို့ အလုပ်ကိစ္စခရီးထွက်သွားသည်။ ဖြစ်ချင်တော့ ဒီတစ်ခေါက် အဘွားကပါ အဘိုးနဲ့အတူပါသွားသည်ဟု အန်ဒရူးရဲ့အိမ်တော်ထိန်းကပြောလာသည်။

အဲဒါကြောင့် ခရီးသွားနေတဲ့ အဘိုးအဘွားတွေကို သူနောက်ဆံမတင်းစေချင်တာမို့ ဒီမှာလိုအပ်တာတွေကို သူပဲစီစဉ်ပေးပြီး အန်ဒရူးကိစ္စကို အခုလောလောဆယ်မပြောဖို့ အိမ်တော်ထိန်းကြီးကိုမှာထားကာ ဆေးရုံတက်တဲ့ကိစ္စနဲ့ အန်ဒရူးကို ဓားနဲ့ထိုးသွားတဲ့ ခါးပိုက်နှိုက်ကို အမှုဖွင့်ဖို့ကိစ္စတွေ လိုက်စီစဉ်ရသည်။

အမှန်တော့ ဒါတွေက သူ့ဦးလေးဖြစ်သူက ဦးဆောင်လုပ်သင့်တာဆိုပေမယ့် ထိုဦးလေးဖြစ်သူက အန်ဒရူးသတိမရမချင်း အဲဒီလူနာကုတင်ဘေးက ထမှာမဟုတ်တာသူသိနေလေသည်။

အန်ဒရူးအိမ်က အိမ်တော်ထိန်းအပါအဝင် လက်တိုလက်တောင်းလုပ်ပေးသည့် ချာတိတ်တွေ ၃၊၄ ယောက်ပါလာတာမို့ အသေးစိတ်ကိစ္စတွေတော့ သူလိုက်လုပ်စရာမလိုပဲ ညွှန်ကြားလိုက်ရုံမို့တော်သေးသည်။

အဘယ့်ကြောင့်ဆိုသော် သူ့မှာလည်း အရေးအကြီးဆုံးကိစ္စရှိသေးသည်လေ။ အဲဒါကတော့ သူ့ဒုက္ခအိုးက အန်ဒရူးအတွက် သွေးလှူပေးထားရသည်မဟုတ်လား။

သွေးလှူထားတာက ဓားနဲ့ထိုးခံထားရတာလောက် စိုးရိမ်စရာမကောင်းဘူးဆိုတာသိပေမယ့် ကိုယ်ကသဘောကျနေတဲ့သူမို့ လက်ကိုပုရွက်ဆိတ်လေးကိုက်သွားရအောင် သူ့မှာစိတ်ပူရတာပဲလေ။

ကိုယ်ကသာစိတ်ပူနေတာာ၊ သူက သွေးလှူပြီးတာနဲ့ လှစ်ခနဲ အပေါ်ထပ်ကဆေးရုံခန်းကိုတက်လာတာ ဘယ်သူမှတောင်မသိလိုက်။ သူသိရင် သွားဆင်းပြီးခေါ်ပေးမှာပေါ့။

အခုတော့ သူနဲ့သိတဲ့နယ်မြေရဲစခန်းက စခန်းမှူးနဲ့ ဖုန်းပြောနေတုန်း သာယာက အခန်းထဲရောက်ကာ ကယ်လေးနဲ့တောင်စကားပြောနေပြီ။

သောက်ကျိုးနည်းဂေးဝတ္ထုထဲရောက်သွားတဲ့ အဖြောင့်ကောင် 'ငါ' လေးTempat cerita menjadi hidup. Temukan sekarang