(အပိုင်း ၄)
ကျွန်မ ချစ်ရလေသော တေးသီစစ်သည်(အခန်း ၆)
"ချိုရေ ချို ချို"
နန်းဝါ ဆိုင်ထိုင်ဖို့ ထားရစ်ခဲ့သော
ညီမဖြစ်သူကို ပြန်ရောက်သည်နှင့်မတွေ့
သောကြောင့် အပူတပြင်းအော်ခေါ်နေမိ
လေသည်။"ရှင် မမ သမီး ဒီမှာ"
"ဟင် ချို ညည်း အဲ့ခုံအောက်
ဘာလုပ်နေတာလဲ""ဖုန်းကြည့်နေတာလေ"
"အမလေးအေ ဖြစ်မှဖြစ်ရလေ တော်ကြာ ဆိုင်ထဲ
သူစိမ်းဝင်လာမှ ဟုတ်ပေ့ဖြစ်နေမယ် ဟွန်း
မပြောလိုက်ချင်ဘူး အမောကိုမပြေဘူး""ဟာ မမကလည်း ပြောရော့မယ် ကဲပါ
သမီး မမကို ဘာကူလုပ်ပေးရမှာလဲ
မမအမောပြေအောင် သမီးကူပေးပါ့မယ်""အေးဟယ် ဒါဆိုကောင်းတာပေါ့ ဟောဟိုက
သစ်သီးထုပ်ကို မမတို့လမ်းဒေါင့်ကျော်ကျော်က
အိမ်ကိုသွားပို့ပေး သေချာပို့ခဲ့နော်""ဟုတ်ကဲ့ပါ မမ ဟို ဆိုင်ကယ်ယူသွားမယ်နော်"
"အေးပါ ယူသွားဒါပေမဲ့
ကြည့်ကြပ်မောင်းနော်
ဖြည်းဖြည်းလည်း မောင်းအုံးနော်""ဟုတ် မမ သွားပြီနော်"
ဟူး......ဒီကလေးမလေးကတော့လေ။
ကလေး လေးတစ်ယောက်ပမာ ပြေး
ထွက်သွားသော ညီမဖြစ်သူကို ကြည့်ရင်း
နန်းဝါ သက်ပြင်းကို သိသိသာသာလေး ချ
မိလိုက်လေသည်။ထို့နောက်ဆိုင်အပြင်ဘက်သို့
ကြည့်နေမိချိန် နန်းဝါမြင်ကွင်းရှေ့သို့ လူ
တစ်ယောက်ဝင်လာလေသည်။လည်ကတုံးလက်ရှည်အင်္ကျီလေးနှင့်
စိမ်းဖန့်ဖန့်ပုဆိုးလေးဖြင့် ဝတ်ဆင်ထား
သော နန်းဝါကြိတ်ကြွေနေရသောသူကြီး။
နန်းဝါချစ်မိနေသော ကျောင်းဆရာကြီး ကိုဇင်။အို......ပြောရင်းဆိုရင် ရင်ဘတ်တွေ
ရောဂါထလာပြန်ပါ့လား။ခက်ပါရဲ့......။
"နန်းဝါ"
"ရှင်"
"ပလက်စတစ်ကြိုးရှိတယ်မလားဟင်"
"ရှင် ရှိပါတယ် ကိုဇင်"
"အစ်ကို့ကို နှစ်ခွေပေးပါအုံး"