(အပိုင်း ၆)
ကျွန်မ ချစ်ရလေသော တေးသီစစ်သည်(အခန်း ၉)
မိုးတိတ်သွားခဲ့လေပြီ။
သို့သော် အရာရာဟာ အလင်းရနံ့မရှိ။မှုန်ရီပြာတာသော ကျီးကန်းတောင်းမှောက်
အကြည့်ဖြင့် နန်းဝါ ဘေးဘီဝဲယာလှမ်းကာကြည့်
မိသည်။"ငါ ဘယ်ရောက်နေပါလိမ့်နော်"
တစ်ချက်မျှ ညီးတွားမိရင်း ဟာတာတာ
ဖြစ်နေသော နှလုံးသား၏ သံပတ်ပေးမှုတို့
ကြောင့် နန်းဝါ မေမေ့ကို သတိရသွားမိသည်။မေမေဘယ်မှာပါလိမ့်။
နန်းဝါ အပူသောက လောင်ကာမြိုက်ရင်း
မိခင်ဖြစ်သူအား ဖွေရှာမိသည်။မျက်ဝန်းမှာ
လည်း မျက်ရည်စနှင့် နှုတ်ခမ်းမှာလည်း
ဝမ်းနည်းခြင်းတို့ပြည့်နှက်လွန်းလှစွာပင်။"မေမေ မေမေဘယ်မှာလဲ မေမေရေ"
အားငယ်သံပါသော အသံမြှေးမြှေးလေးဖြင့်
နန်းဝါ အော်နေမိသော်လည်းအရာရာဟာ တိတ်
ဆိတ်ငြိမ်သက်မှုတို့ဖြင့် ကြီးစိုးနေရင်းသာ။"မေမေ ဘယ်မှာပါလိမ့် ဟိုလူကကော"
နန်းဝါခေါင်းထဲ အတွေးဂယက် ချာချာဝေ
နေလေသည်။ဝတ်စုံအမည်းနှင့် လူမှာအဘယ်သူ
နည်း။"ဟာ မင်းတို့ကလည်း အစ်မသေသွားပေမဲ့
သူ့သမီးနှစ်ယောက်ကျန်ခဲ့သေးတယ်မလား""ဟုတ်တယ် ဆရာ အကြီးမတော့ပါလာတယ်"
"ဒါဆိုအငယ်မကော"
"ဒါကတော့"
နန်းဝါ ပြင်ပမှလာသော အသံကြောင့်
မှောင်ရီနေသော အခန်းထောင့်တွင်နေရာ
ဝင်ယူလိုက်မိသည်။တီးတိုးစကားကျယ်ကျယ်
တို့မှာ တဖြည်းဖြည်းနီးသည်ထက်နီးလာရာ
နန်းဝါ တုန်လှုပ်စွာ ရင်တုန်လာမိသည်။သူစိမ်းသူရန်တို့ပြောလာသော စကားသံတို့
၌ နန်းဝါတို့အကြောင်းနာမည်နာမမပါသော်
လည်း အငယ်မနှင့်အကြီးမဆိုသောအသုံး အချင်း
အရာတို့တွင် နန်းဝါမျှော်လင့်ထားသလို တစ်နည်း
တည်းဖြင့် ပတ်သတ်နေပေလိမ့်မည်။