Part 13 🔞🔞🔞‼‼

5.5K 186 1
                                    

ပိတ်ရက် ဖြစ်တာကြောင့် အစ်မ က သူ့အိမ်မှာ နေ့လည်စာ သူကိုယ်တိုင်ချက်ကျွေးချင်လို့ ဆိုပြီး ကျမ ကို လာခေါ်လို့ အစ်မ အိမ်ကို ပထမ ဆုံး ရောက်နေခြင်းဖြစ်သည်
နှစ်ထပ်တိုက်လေး ဖြစ်ပြီး ခြံထဲမှာ ပန်းပင်လေးတွေစိုက်ပျိုးထားသည်
အိမ်ထဲ က အပြင်အဆင်ကလည်း ခေတ်ဆန်ဆန် ပုံစံလေး ဖြစ်ပြီး သဘောကျစရာ ကောင်းလှသည်
အစ်မ ရဲ့ မိဘ တွေ ဖြစ်ပုံပေါ်သည့် ဓာတ်ပုံ လေးရှေ့ မှာ ကျမ ရပ်ပြီး ကြည့်လိုက်မိတော့

" လရောင် '' နှုတ်ဆက်လိုက်အုံးနော် အဲ့ဒါ အစ်မ ရဲ့ မိဘ တွေပါ ဆိုပြီး အစ်မ က မိတ်ဆက်ပေးသည်

" တွေ့ရတာ ဝမ်းသာပါတယ် ဦးနဲ့အန်တီ ''
အစ်မ ကို တော့ စိတ်ချပါနော် သမီးက စောင့်ရှောက်ပေးပြီး အနားမှာ အမြဲ ရှိနေမှာမို့
အစ်မ ကို မွေးပေးခဲ့လို့ ကျေးဇူးအများကြီးတင်ပါတယ် ''

"ဖေဖေနဲ့ မေမေကို ပြုံးပြီး နှုတ်ဆက်နေတဲ့ လရောင် ကို ကြည့်ပြီး ကြည်နူးရသည်မှာ အမှန်ပင် ''

" လရောင် '' ဧည့်ခန်းမှာ ထိုင်ပြီး စောင့်နေနော် အစ်မ နေ့လည်စာ ပြင်လိုက်အုံးမယ်
" ပျင်းမယ် ထင်ရင် စာအုပ်လည်း ဖတ်နေလို့ရတယ်နော် ''

" ဟုတ် ညီမ ကို စိတ်မပူပါနဲ့ နော် ''
" အစ်မ လုပ်စရာရှိတာလုပ်နော် ''

​ကောင်းပါပြီရှင့်

အစ်မ နေ့လည်စာ ပြင် နေတာ ကို စောင့်ရင်း အစ်မလည်း တစ်ယောက်တည်း မဖြစ်အောင် မီးဖိုချောင် က စားပွဲမှာ ထိုင်ရင်း သီချင်းလေး တစ်ပုဒ်ကို ဖွင့်လိုက်သည်

Crush' Beautiful 🎼

သီချင်းသံလေး စတင်ပေါ်ထွက်လာသည်

🎼It's a beautiful life ငါမင်းအနားမှာ အမြဲရှိနေမယ်
It's a beautiful life မင်းအနောက်မှာ အမြဲရပ်နေမယ်
Beautiful Love.............
ကောင်းကင်အောက်မှာ မင်းနဲ့အတူသာရှိမယ်ဆိုရင်
အသက်ရှူနေရရုံနဲ့တင် ကျေနပ်တယ်
It's a beautiful life
Beautiful day
မင်းရဲ့ မှတ်ဉာဏ်ထဲမှာ ငါ ရှင်သန်နေချင်တယ် 🎼

သီချင်းနားထောင်နေရင်း အစ်မ ကို တစ်စိမ့်စိမ့်ကြည့်နေရတဲ့ Feeling က အရမ်းကို နှစ်သက်စရာကောင်းလှသည် အစ်မ နားသို့ တရွေ့ရွေ့လျှောက်သွားလိုက်သည်

It's You Where stories live. Discover now