Part 25

2.7K 134 0
                                    

"ဒီအခြေအနေလောက်ဆို လူနာက စိတ်ချလို့ရပါပြီဆေးရုံက ဆင်းချင်တယ် ဆိုရင် ဆင်းလို့ရတဲ့ အနေအထားဖြစ်နေပြီမို့ လူနာဆန္ဒရှိတယ်ဆိုရင် ဆေးရုံဆင်းဖို့ ဆရာတို့ ခွင့်ပြုပါတယ် ''

" ဟုတ်ကဲ့ပါ ဆရာ ကျေးဇူးအများကြီးတင်ပါတယ် ''

" ရက်ချိန်းတွေတော့ မှန်မှန်လာပြရမယ်နော် ''

" ဟုတ်ကဲ့ ပါ ဆရာ သေချာလေး ရက်ချိန်းလာပြပါမယ် ''

" ဒါဆို ဆရာ တို့ ကို ခွင့်ပြုပါအုံး ''

" ဟုတ်ကဲ့ ပါ ဆရာ ''

ဆရာဝန် တွေ ကို အခန်းတံခါး ဝ ထိ လိုက်ပို့ပြီး ပြန်လာတဲ့ မြူ့ ကို ကျမ ပြုံးပြရင်း မြူ အနားရောက်လာမှ

" မြူ အခု ပဲ ဆေးရုံဆင်းရအောင် ''

" အခု မရသေးဘူး ငွေစင် ''

" ဘာဖြစ်လို့လဲ ဆရာဝန်တွေလည်း ခွင့်ပြုနေပြီပဲဟာကို ''

" ရှင့်ရဲ့ လရောင် က ခွင့်မပြုတာ ''

" ဘာလို့လဲ ''

" သူရောက်မှ ဆေးရုံ ဆင်းရမယ်တဲ့လေ ''

" ဘယ် အချိန်ရောက်မယ်တဲ့လည်း ''

" အလုပ် ဆင်း မှ ဒီကို လာမှာလေ ''

" ဒါဆို မိုးချုပ်သွားမှာပေါ့ ''

" အင်းပေါ့ မစောင့်နိုင်ဘူးလား ''

" စောင့်ရမှာပေါ့လေ ဒါနဲ့ လရောင် မရိပ်မိသေးဘူးမလား ''

" ထင်တာပဲ အခုထိ တော့ မြူ့ကို ဘာမှ မေးမြန်းတာမရှိသေးဘူး ''

" မွေးနေ့ ရောက်တဲ့အထိ မသိအောင် ဆက်ထိန်းသွားရမယ် ''

" အင်းပါ မြူ လည်း သေချာလေး ထိန်းပါ့မယ် ''

" ဉာဏ်ကောင်းပြီး ထက်မြက်တဲ့ သူမို့ မရိပ်မိအောင် နေရတာလည်း မလွယ်ဘူး မြူရေ ''

" ငွေစင်သာ မပေါ်သွားအောင် နေပါ ''

" အဲ့လိုပဲ လုပ်ရမှာပေါ့ ''

" ပိတ်ရက် ကို ငွေစင် အိမ်မှာ လာနေမယ် ပြောတယ်
သတိ ပိုထားနော် ပြီးတော့ D Day က နောက်အပတ် Wednesday နေ့ ဆိုတော့ ကြားထဲမှာ ၅ ရက် ပဲ ကျန်တော့တာ ဖြစ်တဲ့အတွက် အားလုံးအဆင်ပြေသွားမှာပါ ''

It's You Where stories live. Discover now