Part 15

2.5K 158 0
                                    

အလုပ်ကိုတော့ ဒီနေ့ တစ်ရက်တော့ အိမ်မှာ လုပ်ခွင့်ပေးပါဟု တောင်းဆိုထားသဖြင့် ' လရောင် ' ရုံးမသွားဖြစ်
အစ်မ ပေးတဲ့ နာကျင်မှုတွေ ကို ကိုယ်ကိုတိုင် ကုစားရအုံးမှာ ဖြစ်တဲ့အတွက် အချိန်ကတော့ ယူရအုံးမည်

" လရောင် '' ဖုန်းကတော့ ဆက်ပိတ်ထားမြဲပင်

ဒီအချိန်လောက်ဆိုရင်တော့ လရောင် တစ်ခုခု ဖြစ်နေတာ ကို အစ်မ သေချာပေါက် ရိပ်မိနေလောက်ပြီ

ညက လရောင် ဆီ ကို ဆက်တိုက် Ph တွေ ဆက်နေမိခဲ့သည် Ph ဖွင့်တာနဲ့ တန်းဝင်ပြီး စကားပြောလို့ရအောင် ထိုစိတ်နဲ့ တစ်ညလုံး မအိပ်ဖြစ် မအိပ်နိုင်ခဲ့တာ ဆိုရင် ပိုမှန်လိမ့်မယ်
''ကြောက်ပါသည် ''လရောင် မုန်းသွားမှာလည်း ကြောက်သလို မချစ်တော့မှာကိုလည်း ကြောက်မိပါသည် တွဲလာခဲ့တဲ့ တလျှောက် လုံးလည်း ကျမ ကို အရမ်းချစ်ပေးပြီး အလိုလိုက်ပေးခဲ့တာ ကျမ ဖြစ်ချင်သမျှ  အရာရာ ကိုလည်း မညီးမညူ အကုန်လုပ်ပေးတဲ့ ခလေး လေး
ကျမ မျက်နှာ တစ်ချက် မညိုးအောင် ဂရုတစိုက် ချစ်ပေးနိုင်တာ ' လရောင်ကြူးရင့် ' ဆိုတဲ့ ကျမ ချစ်ရသော ထိုအမျိုးသမီးလေး တစ်ဦးသာ ရှိသည်

အရေးတကြီး ကိစ္စ ရှိသည့်အတွက် ရုံးကိုတော့ သွားမှ ဖြစ်မည် မနက်တစ်ပိုင်း ကိစ္စပြီးရင်တော့ အိမ်ပြန်နားလိုက်မယ်ဟု တွေးထားလိုက်သည်

အလုပ်တွေ ကို နေ့လည်စာမစားခင် အပြီးသတ် ပြီးသွားအောင် လုပ်နေခြင်းဖြစ်သည်
တော်ပါသေးတယ် ကျမ မှန်းထားတဲ့ အတိုင်း အကုန် ပြီးသွားလို့ မြူ့ ကို ပြောပြီး ပြန်ဖို့ ပြင်လိုက်သည်
နေ့လည်စာ စားချိန်မို့ ဝန်ထမ်းလေးတွေ နေ့လည်စာ စားနေကြသည်
ထမင်းစားခန်းဘေးက ဖြတ်သွားနေစဥ် လရောင် ဟူသော နာမည် ကို ကြားလိုက်ရသည်
ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားပြီး ဘာဆက်ပြောကြမလဲ သိချင်တာနဲ့ ရပ်ပြီး နားထောင်နေလိုက်သည်

မနေ့က ' လရောင်ကြူးရင်'' ဒီကို လာသွားတာ တွေ့လိုက်ကြတယ်မလား ဟု ဝန်ထမ်းကောင်မလေးတွေ အချင်းချင်း မေးမြန်းနေကြသည်

"တွေ့လိုက်တာ ပေါ့ဟာ '' ဟု ပြောသံကြားလိုက်ရသည် ဆက်ပြီး ထိုကောင်မလေး က ပင်
"ဘယ်အချိန် တွေ့တွေ့ All Black နဲ့ အမြဲ Smart ကျနေတာပဲနော် မမ ပိုင်တဲ့ သူသာ မဟုတ်ရင် ငါ လိုက်နေလောက်ပြီ ''

It's You Where stories live. Discover now