🖤 Character (1)
Name - Isaac Harold Kendrick (Issac)
Royal Title - Viscountရှင်းပြပါမယ်နော်။ ဒိုင်ယာနာကိုသိကြမှာပါ။ သူ့ရဲ့သားနှစ်ယောက်က William နဲ့ Harry ပါ။ သူတို့တွေမှာ Royal Family Title ဆိုတာလေးတွေရှိကြပါတယ်။ အပိုင်စားပေးထားတဲ့အရာ တခုခုနဲ့ပတ်သတ်ပြီး ပေးထားကြတာမျိုးလားတော့ ကိုယ်သေချာမသိလို့ပါ။ မြို့တွေ၊ နယ်တွေ၊ နယ်မြေတွေကို အပိုင်စားပေးသလိုပေါ့။ ဥပမာ
William (Duke of Cambridge)
Harry (Duke of Sussex)
သူတို့ရဲ့ကြင်ယာတော်တွေကလဲ မင်းသားတွေရဲ့ Title အတိုင်းဖြစ်လာပါတယ်။Duchess of Cambridge နဲ့ Duchess of Sussex စသဖြင့်။ ဒါကို ကြည့်ပြီးဇတ်ကောင်ကိုဖန်တီးလိုက်ပါတယ်။မှော်ပညာသည်တွေရှိနေတဲ့ Mokita (မိုခီတာ) တိုင်းပြည်က ဘုရင်ရဲ့သားအကြီးဆုံးဖြစ်ပြီး Viscount နယ်မြေကိုအပိုင်စားရတဲ့ တော်ဝင်မင်းသားဖြစ်လို့...
Issac Harold Kendrick (Duke of Viscount) လို့ ပေးလိုက်ပါတယ်ရှင်။
ရွှေအိုရောင်ဆံပင်၊ ရွှေအိုရောင်မျက်လုံးတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသား Isaac တိုက်ခိုက်ခြင်းပညာရပ်မှာ တဖက်ကမ်းခတ်တော်ပြီး ပရိယာယ်ကြွယ်လွန်းတဲ့အပြင် အရောင်အသွေးစုံလင်ပြီး သာမာန်လိပ်ပြာများနဲ့ မတူညီလှတဲ့ လိပ်ပြာတစ်ကောင်က မင်းသား မွေးဖွားလာစဉ်ကတည်းက မင်းသားရဲ့အနီးဝန်းကျင်မှာ အမြဲရှိနေခဲ့တာကြောင့် နတ်ဘုရားက စောင့်ရှောက်တယ်ဆိုတဲ့ သတင်းစကားတွေရှိပြီး မည်သူကမှ တော်တန်ရုံမထိပါးရဲတဲ့ မင်းသားတပါးပါ။ သူ့အနီးမှာလိပ်ပြာအပြင် အရိပ်ပမာ လိုက်လံ အမှုထမ်းနေတဲ့ ကိုယ်ရံတော်သဖွယ် နောက်ထပ်တဦး ရှိနေပါသေးတယ် ။
ပုံယူသုံးစွဲခြင်းလုံးဝခွင့်မပြုပါရှင်
Please do not use photo without my permission
YOU ARE READING
𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋
Fantasy13 Century နဲ့ လက်ရှိ Modern World အကြားက Time Travel အမျိုးအစားလေးပါ။ မှော်အတတ်ပညာတွေနဲ့ စိတ်ကူးယဉ်ဆန်ဆန် ရေးသားမှာဖြစ်ပြီး Character နှစ်ယောက်စလုံးက Strong ဖြစ်တာကြောင့် ထိုအမျိုးအစားကို မနှစ်သက်သူတွေကျော်သွားလို့ ရအောင်ပါရှင်။ Name - Duchess of V...