လွန်ခဲ့သည့် အနှစ်၇၀၀ ကျော်ဆီသို့ ပြန်ရောက်ရှိလာသည့် နေ့ရက်များက တပတ်ကျော်လွန်စပြုနေပြီမို့ အရာအားလုံးနှင့် ကောင်းယံ စတင်ရင်းနှီးလာခဲ့သည်။ တစုံတရာ မပြောမခြင်း တာဝန်ထမ်းဆောင်စရာမလို နေအိမ်မှာသာနေထိုင်ရန် အမိန့်ပေးထားသည့် မင်းသားအိုင်းဆက်ကြောင့် ထိုတပတ်ကျော်အတွင်း အနီးကပ်ရှိနေခဲ့သူ သံချပ်ကာရဲမက်လေး "Land" အား မေးမြန်းထားပြီး အသေးစိတ်မှတ်ယူထားသည့် အချက်အလက်လေးများက သားရေအဖုံးနှင့် စာအုပ်လေးတအုပ်ပေါ် နေရာယူထားခဲ့ပြီဖြစ်သည်။
"စစ်သူကြီး နိုးနေပါပြီလား"
အသံထက်ခြေလှမ်းမြန်သည့် "Land" က တံခါးဝအနီးသို့ ရောက်လုနေပြီဖြစ်ကြောင်း သက်တော်စောင့်ဖြစ်သည့် မိမိနားမှတဆင့် ခံစားမိနေပြီဖြစ်လို့ စာအုပ်လေးအားအမြန်သိမ်းကာ စုတ်တံလေးကိုပါ ကုတင်အောက်ထဲပစ်ထည်၍ ထိုင်ခုံပေါ် ဟန်မပျက်ထိုင်နေလိုက်တော့သည်။
"စစ်သူကြီးနိုးနေပြီပဲ ဝတ်စုံမဝတ်ပါပဲ ဘာလုပ်နေတာပါလဲ။ အချိန်နီးကပ်နေပါပြီ"
" မနက်စာ မယူလာတော့ဘူးလား"
"ဒီနေ့ ရဲတိုက်ကြီးထဲမှာ မနက်စာသုံးဆောင်ရမှာပါ။ အရှင့်သားရဲ့မွေးနေ့လို့ ကျွန်တော်ပြောခဲ့တာကို မေ့ပစ်လိုက်ပြီးလားစစ်သူကြီး"
ဟုတ်ပါရဲ့။ ဒီနေ့ မင်းသားအိုင်းဆက်ရဲ့မွေးနေ့။ Land ကတော့ တစ်ယောက်တည်း တရစပ်ရေရွတ်ကာ နံရံတွင်ချိတ်ဆွဲထားသည့် ငွေမျှင်ရောင် သံချပ်ကာ ချပ်ဝတ်တန်ဆာအား ယူ၍ မိမိဝတ်နိုင်စေရန် ကူညီပေးလာသည်။ Kingsley ဆိုသူဧ။် တပည့်လေးယောက်ထဲ Land က အငယ်ဆုံးဖြစ်ကာ အသွက်ဆုံးလဲဖြစ်ပြန်ပြီး မိမိမှာ အဆိပ်ဒဏ်ကြောင့် တော်တော်များများ မေ့လျော့ကုန်သည်ဟု ထင်မြင်ထားပုံရကာ မေးသမျှ မငြီးမငြူဖြေရှာသည်။ သို့ကြောင့်ပင် မိုခီတာတိုင်းပြည်မှ လူပုဂ္ဂိုလ်များ၊ နေရာများ၊ အခေါ်အဝေါ်များနှင့် နယ်မြေပိုင်းခြားမှုများအား သိရှိလာရခြင်းပင်။
"စစ်သူကြီးက ကျွန်တော်တို့နဲ့မတူညီတဲ့ အသားအရောင်၊မျက်လုံးအရောင်တွေနဲ့ပေမယ့် တကယ်ခန့်ညားတယ်။ အရှင့်သားကို မမှီပေမယ့်ပေါ့..."
YOU ARE READING
𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋
Fantasy13 Century နဲ့ လက်ရှိ Modern World အကြားက Time Travel အမျိုးအစားလေးပါ။ မှော်အတတ်ပညာတွေနဲ့ စိတ်ကူးယဉ်ဆန်ဆန် ရေးသားမှာဖြစ်ပြီး Character နှစ်ယောက်စလုံးက Strong ဖြစ်တာကြောင့် ထိုအမျိုးအစားကို မနှစ်သက်သူတွေကျော်သွားလို့ ရအောင်ပါရှင်။ Name - Duchess of V...