🦋 16 🦋

4.5K 619 42
                                    

အသက်အောင့်ထားနိုင်သည့် ပမာဏကို ​ကျော်လွန်နေပြီဖြစ်၍ ကောင်းယံမှာ ​ရေအောက်ထဲတွင် အသက်ရှုရခက်စပြု​လာပြီဖြစ်ပြီး ခြေကျင်းဝတ်ဆီမှ နာကျင်မှုကား တစုံတခုက တတိတိကိုက်ခဲနေနေသည့်နှယ်၊ ပြန်ချင်လွန်း၍ ​ရေကန်ရှိရာ အ​ရောက်လာခဲ့​သော်ငြား ငါ သေတော့မှာလားဟု ​တွေးမိလာတော့ လူသားပီပီ ​ကြောက်စိတ်​လေး​တော့ ရှိ​လာသည်။ ထို့အပြင် တစုံတခုက ခြေကျင်းဝတ်ကို ကိုက်ခဲနေသည့်ကြားက တဖြည်းဖြည်းဖြင့် ခန္ဓာကိုယ်အပေါ်ဆီကို ဝိုက်တက်လာသည့် ထိတွေ့မှုကိုရရှိလာသည့်အခါ တခုခုကတော့ မူမမှန်တော့ပြီမှန်း စတင်ရိပ်မိလာကာ ကောင်းယံ စတင်ရုန်းထွက်တော့သည်။

နွံထဲနစ်နေသူလိုမျိုး ရုန်းလေလေ ထိုအရာက တင်းကြပ်လာလေလေဖြစ်လာပြီး စိုးရိမ်စိတ်နည်းငယ် ဝင်လာသည့်အခါ လူကပါကြောက်အားလန့်အားဖြင့် ရုန်းကန်နေမိပြီး အသက်အောင့်ထားသည်ကိုပါ ​မေ့လျော့သွား၍ ရှူရှိုက်မိသည့်အခိုက်တွင်တော့ ရေထုကအလုံးအရင်းနှင့် ဝင်ရောက်လာပြီမို့ ရင်ခေါင်းတစ်ခုလုံး ​အောင့်တက်လာသည်။ ထိုအချိန်မှာပင်...

လူတစ်ဦးဟု ယူဆရသူတစ်ဦးက အနားကပ်လာခဲ့ပြီး မိမိအားလက်မောင်းမှ ဆွဲတင်ရန်ကြိုးစားသည်။ သို့သော်အောက်ခြေမှ တခုခုကဆွဲထားခြင်းကြောင့် အရာမထင်သည့်အခါ ထိုလူမှာ မိမိဧ။် ​ခြေထောက်အောက်ခြေဘက်သို့ ငုံ့ဆင်းကာ ဖြုတ်ပေးနေသည့်ဟန်ပင်။ ရေများကနောက်ကျိနေခြင်းကြောင့် မည်သူမည်ဝါဖြစ်သည်မှန်း ကောင်းယံမမြင်ရသလို ​ကျေးဇူးလဲသိပ်မတင်မိ၊ ပြန်ရောက်ဖို့ရန်လက်တစ်ကမ်းအလိုမှ ထိုလူက ဝင်နှောင့်ယှက်ခြင်းပင်။ အချုပ်အနှောင်ကလွတ်သည့်အခါ ထိုလူကပင် မိမိကိုရေမျက်နှာပြင်ပေါ်သို့ ဆွဲတင်လာခဲ့သည်။

"လွှတ်!! "

"........"

"လွှတ်စမ်း ငါ့ကိုမနှောင့်ယှက်နဲ့ ငါပြန်မှရမယ်။ ဒီနေရာက ငါနေရာမဟုတ်ဘူး"

ရရှိလာသည့်လေကို အငမ်းမရရှူကာ ရုန်းကန်အော်ဟစ်၍ ရေအောက်ထဲပြန်ဆင်းရန် ပြင်လိုက်သော်ငြား မိမိကိုထိုလူက လွှတ်မပေးပေ။ ထို့ကြောင့် တံတောင်ဖြင့်တွတ်လိုက်သည့်အခါ ထိမိသွားဟန်ဖြင့် ချုပ်ကိုင်ထားသည့်လက်အား​ လျော့ကျသွားခြင်းကို အသုံးချ၍ ရေပြင်ဧ။်အောက်ခြေသို့ ပြန်ငုံ့ဆင်းရန်ကြံစည်လိုက်သည့် ကောင်းယံဧ။်လှုပ်ရှားမှုများကို အသံတခုကရပ်တန့်စေခဲ့သည်။

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Where stories live. Discover now