Episode 27 [Unicode/Zawgyi]

616 39 3
                                    

Unicode

မိုးဦးကြွေမှာ အခန်းထဲဝင်လာချင်းချင်း စာရေးခုံပေါ်တွင် ပျင်းတိပျင်းရွဲထိုင်နေသည့် လှိုင်းခတ်သံကြောင့် သူ ဆက်မလိမ်နိုင်တော့မှန်း သိလိုက်သည်။
လှိုင်းခတ်သံကလည်း သူ့ကို မျက်ခုံးပင့်ပြလာသည်။ မိုးဦးကြွေမှာ အသက်ဝဝရှူကာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသည့်ဟန် ပြင်လိုက်သည်။

"ငါ မနေ့က နင့်ကို ပြောမလို့ အိမ်မှာ အရေးကြီးကိစ္စဆိုတော့ မြန်မြန်ပြန်သွားလိုက်ရတာ"

"ဪ.. တော်တော်အရေးကြီးမှာပဲ"

အခန်းထဲတွင် လူ့အပြည့်မရှိသော်လည်း အများစုကတော့ ရှိနေသည်။ မိန်းကလေးအများစုကလည်း လှိုင်းခတ်သံကို ပေါ်တင်တစ်မျိုး ခိုး၍တစ်မျိုး ရူစားနေကြလေသည်။ မိုးဦးကြွေမှာ မကြာခင် လှိုင်းခတ်သံကို ပေးခိုင်းဖို့ ရည်းစား‌စာများ သူ့ဆီရောက်လာတော့မည်ကို ခံစားနိုင်သည်။

"ငါ့ကို အကြောင်းစုံ ရှင်းပြ ဘယ်စကားလုံး သုံးသွားတာကအစ ငါပြန်ကြားချင်တယ်"

မိုး‌ဦးကြွေမှာ ဆံပင်သပ်လိုက်ရင်း အစ အလယ် အဆုံး သုံးပါးလုံး ပြန်ရှင်းပြလိုက်သည်။ အချို့စာသားများကိုတော့ ဖျောက်ကာ ဖာထေးလိုက်သည်။

"နင် သိလား.. အဲ့ကောင် ငါ့ကိုလည်း မထီမဲ့မြင်လုပ်သွားတာ သတ်ပစ်ချင်စရာဟယ်"

"နေ့လည်ကျရင် နင် သူ့ကို လှလှပပ မြင်ရမှာပါ"

"အိုပါး ငါ့အတွက် လက်စားချေပေးတော့မယ်ပေါ့"

လှိုင်းခတ်သံမှာ မိုးဦးကြွေ၏ စကားကြောင့် ကြက်သီးတွေပါ ထလာသည်။

"နင် အဲ့လို ထပ်ပြောရင် ငါ နင့်ကို ထသတ်မိတော့မှာနော်"

"အိုပါးကလည်း ငါ အဲ့လိုပြောရင် အရမ်းချစ်စရာကောင်းတယ်တဲ့ စိုင်းကတောင် ချီးကျူးနေတာ"

လှိုင်းခတ်သံ၏ ကျောရိုးများက တောင့်လာသည်။ စိုင်းက အဲ့တစ်ယောက်ကို ချီးကျူးခဲ့တယ်ပေါ့။
သူ မဟုတ်တဲ့ အခြားတစ်ယောက်ကိုလေ

လှိုင်းခတ်သံ၏ မည်းတက်လာသည့် မျက်နှာကြီးကို ကြည့်ကာ မိုးဦးကြွေမှာ အခြေအနေမကောင်းမှန်း သိလိုက်သည်။

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now