Episode 52 [Unicode/Zawgyi]

459 23 2
                                    

Unicode

စိုင်းမှာ သူ့ရှေ့ရှိအမျိုးသမီးနှင့် ပြင်သစ်အနမ်းအား ခံစားနေတုန်း ထောင့်စွန်းဝိုင်းရှိ အမျိုးသားအား မျက်လုံးထောင့်မှ မြင်လိုက်ရပါသည်။ အမျိုးသားမှာ လည်ပိတ်ဆွယ်တာ အနက်နှင့် ဘောင်းဘီရှည်အနက်ရောင်တို့ကို ဝတ်ဆင်ထားသည်မှာ Club လာသူနှင့်ပင် မတူပါချေ။

စိုင်းကတော့ သူ့ရှေ့ရှိ အမျိုးသမီးအား ပို၍ပင် တိုးနမ်းလိုက်တာကြောင့် အမျိုးသမီး၏ လက်များက သူ့ရင်ဘတ်ပေါ် ကျူးကျော်လာသည်။
သူ စိတ်ရှုပ်လာတာကြောင့် အနမ်းအား ရပ်စဲလိုက်ပြိီး သူ့ရင်ဘတ်ပေါ်ရှိ လက်များအား ချုပ်လိုက်ကာ အမျိုးသမီးအနားမှာ ခွာလိုက်သည်။

"စည်းကျော်လာရင် ကိုယ် မကြိုက်ဘူး"

"What! ဒါလင် ရှင် ကျွန်မကို ဆွပြီးသွားမှ ဒီလိုလုပ်လို့ မရဘူးလေ"

"ကိုယ် သိတယ်.. ဒါပေမဲ့ ကိုယ့်အောက်ကဟာက မရဘူး"

အမျိုးသမီးမှာ ကြောင်သွားရင်း ချက်ချင်းပင် တခြားဝိုင်းကို ပြောင်းသွားတော့သည်။ စိုင်းမှာ ပါးစပ်ထဲရှိ အမျိုးသမီး၏ တံတွေးများကြောင့် ဆေးကြောရန် သန့်စင်ခန်းကို ဦးတည်လိုက်သည်။ သူ ဘေစင်တွင် အာလုပ်ကျင်းလိုက်ရင်း မျက်နှာပါ သစ်ချပလိုက်ပြီ။

'ခံစားလို့ မရဘူး.. သူ ထိုမိန်းမကို လုံးဝကို ခံစားလို့မရဘူး'

သူ့အောက်ကဟာ မရဘူးဆိုတာလဲ အမှန်ပြောလိုက်ခြင်းပင်။ သူ ထိုမိန်းမနှင့် နမ်းနေတာတောင် အောက်ပိုင်းက ထကြွမလာပေ။ ထိုမိန်းမကိုပဲ feel မလာတာလား..
သူ ဟိုတစ်နေ့က ဖတ်ခဲ့ရသော စိတ်ပညာဆောင်းပါးထဲ၌ စိတ်ကျရောဂါ၏ လက္ခဏာထဲတွင် လိင်မှုကိစ္စကို စွမ်းဆောင်မှုနည်းပါးလာခြင်းများလည်း ပါဝင်လေသည်။

အနည်းဆုံးတော့ မိန်းမတစ်ယောက်နှင့် ရုပ်ပိုင်းဆိုင်ရာ ထိ‌တွေ့ပြီးလျှင် တုံ့ပြန်မှုတော့ ရှိရမယ်လေ...

စိုင်းမှာ အတွေးကမ္ဘာထဲ လွင့်နေရင်း မှန်ထဲမှတစ်ဆင့် မြင်‌လိုက်ရသော လှိုင်းခတ်သံ၏ ပုံရိ‌ပ်ကြောင့် အနည်းငယ် တန့်သွားသည်။ လှိုင်းခတ်သံက သန့်စင်ခန်းတံခါး lock ကို ချလိုက်ကာ သူ့ဘေးနားကို ရောက်လာသည်။

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now