Episode 54 [Unicode/Zawgyi]

567 21 6
                                    

Unicode

လှိုင်းခတ်သံမှာ သူ့လက်ထောက်လာပြသည့် သတင်းများကို ကြည့်နေရင်း မျက်မှောင်ကြုတ်လိုက်မိသည်။

သတင်းက

[‌လူအရှင်လတ်လတ်ကို စမ်းသပ်မှာပြုလုပ်သည့် ရက်စက်လှသည့် ဆရာဝန်များ

‌မြန်မာနိုင်ငံရဲ့ နံပါတ်တစ် ဦးနှောက်နဲ့အာရုံကြော ခွဲစိတ်ဆရာဝန် ဦးမောင်မောင်မြတ် ဦးဆောင်ပြီး အခြားဆရာဝန်တွေဖြစ်တဲ့ ဒေါက်တာစိုင်းစက္ကဆိုင်း၊ ဒေါက်တာမေမြတ်မွန်၊ ဒေါက်တာဖုန်းသျှံ၊ သူနာပြု ရွှန်းလဲ့တို့အပါအဝင် (အခြားသော ပါဝင်သူများရှိသေးသော်လည်း အတိအကျမသိသေးပါ) ထိုခွဲစိတ်မှုကို လုပ်ဆောင်ခဲ့ကြပါတယ်
လူသားကို အစမ်းအသပ်ခံလုပ်တယ်ဆိုတာ ဘယ်သမိုင်းမှာမဆို ရှုံ့ချစရာ အပြုအမူဖြစ်ပါတယ် ထိုကဲ့သို့ ဆရာဝန်များဆီကို သွားရောက်ကုသခြင်းကလည်း မတရားမှုကို အားပေးအားမြှောက်ပြုရာကျပါတယ်

ပရိတ်သတ်ကြီးအနေနဲ့ မယုံကြည်ရင်တော့ အောက်က ဗီဒီယိုကို ကြည့်ပြီး အတည်ပြုနိုင်ပါတယ်
မှန်ကန်တဲ့ အထောက်အထားသက်သေဖြစ်တာကြောင့် ယခုကဲ့သို့ ရေးသားတင်ပြနိုင်ခြင်း ဖြစ်ပါတယ်]

ထိုဆောင်းပါးကတော့ အားလုံးထဲတွင် နာမည်အကြီးဆုံး ဆောင်းပါးဖြစ်နေကာ ပါဝင်သူဆရာဝန်များကို ပြစ်တင်ရှုတ်ချမှုများက အများအပြားပင်။

ဗီဒီယိုက တစ်မိနစ်စာပင် မရှိပေ။

"ဒီဘက်သွေးကြောက နည်းနည်းရောင်နေတဲ့ပုံပဲ ဆရာ"

"အဲ့သွေးကြောကို ဖြတ်ကြည့်လိုက်"

"အဲ့ဒါဆို သေသွားလိမ့်မယ် ဆရာ"

"ဖြတ်လိုက်"

ဆိုရှယ်မီဒီယာတစ်ခွင်လည်း ထိုကိစ္စက ပျံ့နှံ့နေကာ ပါဝင်သူ ဆရာဝန်များမှာ လူတွေ တံတွေးခွက်ထဲတွင် ရစရာကိုမရှိချေ။

အထူးသဖြစ့် ဦးမောင်မောင်မြတ်ရယ်၊ ‌စိုင်းရယ်၊ မေမြတ်မွန်ရယ်က အဆိုးဆုံးပင်။

ဒေါက်တာဦးမောင်မောင်မြတ်ကိုကတော့ ရက်စက်လှသည့် မိစ္ဆာကောင်ကြီး။

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now