ကံကော်(mesua ferrea)part-1

4.5K 157 11
                                    

'ဟျောင့်ရှိုင်း မြန်မြန်လာ essembly ရှိတယ်တဲ့'

'ကျစ် essembly ဆင်းရအုံးမယ် စိတ်ညစ်တယ်'

'မြန်မြန်လာပါဆို ပွစိပွစိလုပ်နေတယ်'

'အေး အေး လာပြီ'

ရှိုင်းနှင့် ရှိုင်း၏ သူငယ်ချင်းဖြစ်သူ ဆုမြတ်အောင်(ခေါ်)အောင်ကြီးတို့ essembly စီရာ ကွင်းဆီသို့ အမြန်ဆုံးပြေးသွားကြသည်။

'ဟူး...မောလိုက်တာ'

ရှိုင်းနှင့် အောင်ကြီးမှာ အသင်းမတူသောကြောင့် နေရာကွဲသွားသည်။ ထိုစဥ် ရှိုင်းအနောက်သို့ Grade-10မှ အမကြီးလာရောက်တန်းစီသည်။

'သမီး....သမီးက အရပ်ရှည်တယ် အနောက်ဆင်းလိုက်ပါလား'

'.......'

'သမီး.....အနောက်ဆင်းလိုက်ပါလားလို့'

'ဗျာ...ဗျာ ဟုတ်...ဟုတ် ကျနော်ဆင်းလိုက်ပါ့မယ်'

ကျနော် ငေးနေမိသည်မှာ အမှန်ပင်။ ထိုဆရာမစီမှ ကြားလိုက်ရသော အသံလေးများသည် နားထဲသို့ ပျားရည်လေးများ လောင်းချလိုက်သလိုပင်။ ကျနော် ထိုအညိုရောင်မျက်ဝန်းတစ်စုံ၏ အကြည့်များအောက်ကပင် ရုန်းထွက်ဖို့ ခဲယဥ်းလှသည်။ ထို့နောက် ကျ​ေနာ်အနောက်သို့ဆင်းလိုက်သည်။

__________

'ဟျောင့် ကျီးကန်း'(ဆုထက်အောင်သို့ခေါ်ခြင်း)

'အေးပြော'(ဆုထက်အောင်)

'essembly ဆင်းတုန်းက ငါ့ကို အနောက်ဆင်းခိုင်းတဲ့ ဆရာမကို မင်းသိလား'

'မသိဘူးကွ'

'ငါ့ကို့ အဲ့ဆရာမအကြောင်းလေး စုံစမ်းပေးပါလားကွာ'

'ဘာလည်း မင်းကကြိုက်လို့လား'

'အင်း'

'အလယ်ထပ် တစ်ထပ်လုံး ကောင်မလေးတွေ သဲသဲလှုပ်ဖြစ်နေတာတောင် တစ်ယောက်မှပြန်မချစ်တဲ့ကောင်က အခုတော့ချစ်တတ်သွားပြီပေါ့ ကြိုက်လဲကြိုက်တတ်ပါ့ မိုးကြိုးပစ်ရင်ငါတို့မပါဘူးနော်ဟျောင့်'

'အဲ့ဆရာမအတွက်သာဆို မိုးကြိုးမကလို့ ငရဲသွားရလည်း ရှိုင်းထက်အိမ်တို့က ရဲရဲကြီးကို သွားပြလိုက်အုန်းမှာ'

ကံ့ကော် (mesua ferrea)Where stories live. Discover now