ကံကော်(mesua ferrea)part-2

2.1K 133 3
                                    

'Good morning class'

'Good morning teacher'

'How are you'

'I fine thank you and you'

'I fine.Sit down'

'Thank you teacher'

သူမအသံ ချိုချိုလေးဖြင့် နှုတ်ဆက်နေချိန် ရှိုင်းပြန်မနှုတ်ဆက်မိခဲ့။ စတွေ့တုန်းကလိုပင် ကြောင်၍ကြည့်နေခဲ့သည်။ ရှိုင်းကို သူမမှတ်မိပုံမရ။ ရှိုင်းထိုင်နေသည့် အတန်းမှာ နောက်ဆုံးတန်းဖြစ်သော်လည်း ရှိုင်း၏အရပ်ကြောင့် သူမအား ရှင်းရှင်းလင်းလင်းမြင်ရသည်။ နှုတ်ဆက်ပြီးနောက် သူမ ရှိုင်းအား ပြုံးပြသည်။ ရှိုင်းကြောင်၍ ရပ်ကြည့်နေသည်။

'ဟဲ့ ရှိုင်း ထိုင်တော့လေ'

'......'

'ဟဲ့ ထိုင်တော့လို့ နားလေးနေလားမသိဘူး'

'ဟင်..အေး အေး'

'ကဲ ကလေးတို့ ဆရာမ နာမည်က 'ဒေါ်အိန္ဒြေဇင်သန့်' ဆရာမက Engသင်မှာ ဟုတ်ပြီလား '

'ဟုတ်ကဲ့ပါ ဆရာမ'

'ဒီနေ့ စာနဲနဲ စသင်မယ်နော်'

'ဟုတ်........'

'နဲနဲဘဲသင်မှာပါ ရှင်တို့ကလည်း
ကဲ Unit-1ကိုလှန်'

'ဟုတ်'

စာအနည်းငယ်သာသင်ပြီး အချိန်ပိုနေသေးသောကြောင့် 'သိချင်တာရှိရင်မေး'ဟု သူမမှပြောလာသည်။

'ဆရာမက အပျိုကြီးလားဗျ'ဟု အတန်းထဲမှ ကျောင်းသားတစ်ဦးမှ ထမေးလိုက်၏။

'စမေးကတည်းက ဘလိုမေးခွန်းကြီးတုန်း'
သူမ မျက်မှောင်ကျုံ့၍ပြောလိုက်သည်။

'သိချင်လို့ပါ ဆရာမကလည်း'

'ေအးပါ ကျမက အပျိုကြီးပါရှင့် ရပြီလား'

'ဟုတ်'

'ေနာက်ဘာမေးအုန်းမလဲ'

'ဆရာမ ဖုန်းနံပါတ်လေး သိခွင့်ရမလား'

'အော် ဆရာမ ဖုန်းနံပါတ်က'

သူမwhite board ပေါ်တွင်ရေးပေးသော ဖုန်းနံပါတ်လေးကို ရှိုင်းအသည်းအသန်လိုက်ကူးလိုက်သည်။

ထို့နောက် Engချိန်ကုန်၍ Physချိန်သို့ရောက်လာခဲ့သည်။ Phys အချိန်သင်ပြီးသောအခါ မုန့်စားကျောင်းဆင်းချိန်ဖြစ်သဖြင့် ရှိုင်းတို့ မုန့်စျေးတန်းသွားကာ မုန့်ဝယ်စားခဲ့ကြသည်။ ထို့နော် ရှိုင်းတစ်ခုခုကို သတိရဟန်ဖြင့် မုန့်စျေးတန်းသို့ ပြေးဝင်သွားပြီး သူငယ်ချင်းများအား စောင့်နေရန်ပြောခဲ့သည်။ထို့နောက် စားနေကြsandwichနောက်တစ်ခု ထပ်ဝယ်လာသည်။

ကံ့ကော် (mesua ferrea)Where stories live. Discover now