extra

2.4K 138 0
                                    

မနက်ခင်း အလင်းရောင်က သူမရဲ့မျက်နှာပေါ်ကို ဖြာကျနေသည်။

'ငါ့​အမျိုးသမီးလေးရဲ့ မျက်နှာပေါ်ကိုများ ကျရဲတယ်ပေါ့ ငမိုက်သား အလင်းရောင်'ဟုဆိုကာ ရှိုင်းလက်ကလေးနှင့် တီချယ်မျက်နှာအား ကာပေးလိုက်သည်။ရှိုင်း၏ အသစ်စက်စက် ဇနီးလေးကို နေရောင်ထိုးနေတာ ရှိုင်းမနှစ်သက်ချေ။

ရှိုင်းနှင့်တီချယ်တို့ မနေ့ကပဲလက်ထက်လိုက်ကြတယ်။ ရင်းနှီးတဲ့ တီချယ့်သူငယ်ချင်းတွေ ဆရာ ဆရာမတွေနဲ့ ရှိုင်းသူငယ်ချင်းတွေဘဲဖိတ်ပြီး အကျဥ်းချုံးလေးလုပ်လိုက်ကြတယ်။

'ငမိုက်သား အလင်းရောင်ကို အပြစ်ပေးလိုက်ပြီလား'

'တီချယ် နိုးနေပြီလား'

'ကြာလှပေါ့ ရှင်လေးက ဖတ်ထားတာ လွှတ်မှ မလွှတ်တာ အဲ့တော့ ကျမလည်း ငြိမ်နေရတာပေါ့'

'ဟီး ဆောတီး'

'ထ မျက်နှာသွားသစ်'

'တူတူသစ်ကြမလား'

'အင်း'

တီချယ်ထသွားပြီး သဘက်များကိုယူနေလေသည်။

'မထသေးဘူးလား ဘာလုပ်နေတာလဲ..'

တီချယ် တစ်ညလုံး ဖိအိပ်ထားသောကြောင့် ရှိုင်းလက်မောင်းကျဥ်နေသည်။

'ဟို...ဟိုဟာလေ..'

'တဟို..ဟိုနဲ့ဘာဖြစ်နေတာလဲ'

'လက်မောင်းကျဥ်နေလို့'

'ဟင် ဟုလား အရမ်းနာနေလား ပြတီချယ်ကို အဲ့လိုမှန်းသိရင် ညက ခေါင်းအုံးပြီးမအိပ်ပါဘူး ပြေညတာမဟုတ်ဘူး တီချယ် ဖယ်ပေးမှာပေါ့ လာ လာ တီချယ်နှိပ်ပေးမယ်'

'ဖြေးဖြေးပြောပါအချစ်ရယ် မောင်ဘာမှ မဖြစ်ပါဘူး နဲနဲဘဲကျဥ်နေတာပါ'

'တကယ်နော်'

'အင်း..လာ..မျက်နှာသွားသစ်ကြမယ်'

'အင်း'

မျက်နှာသစ်ပြီး breakfastစားဖို့အောက်ဆင်းလာကြသည်။

'တီချယ် ဘာစားချင်လဲ'

'ေမာင့်ကို'

'ဗျာ...'တီချယ်ပြောလိုက်သောစကားကြောင့် ရှိုင်းလန့်ဖျတ်သွားသည်။

ကံ့ကော် (mesua ferrea)Wo Geschichten leben. Entdecke jetzt